إِذَا زُلْزِلَتِ الْأَرْضُ زِلْزَالَهَا (1)

ပထဝီမြေသည် မိမိ ငလျင်လှုပ်ခြင်း၊ မိမိ သွက်သွက်ခါ တုန်လှုပ်ခြင်းဖြင့် တုန်လှုပ်ခြင်းကို ခံရလေသောအခါ။

وَأَخْرَجَتِ الْأَرْضُ أَثْقَالَهَا (2)

၎င်းပြင် ပထဝီမြေသည် မိမိ(အတွင်းရှိ သေသူများ၊ ရွှေငွေရတနာအစရှိသော) ဝန်ထုပ်များကို အပြင်သို့ ထုတ်သောအခါ။

وَقَالَ الْإِنْسَانُ مَا لَهَا (3)

ထို့ပြင် လူက ဤပထဝီမြေ၌ (ယင်းကဲ့သို့ တုန်လှုပ်ရန်) မည်သည့်အကြောင်း ရှိသနည်းဟု ပြောဆိုသောအခါ။

يَوْمَئِذٍ تُحَدِّثُ أَخْبَارَهَا (4)

ထိုနေ့တွင် ယင်းပထဝီမြေသည် မိမိသတင်းစကားများကို ပြောပြပေမည်။

بِأَنَّ رَبَّكَ أَوْحَىٰ لَهَا (5)

အကြောင်းသော်ကား အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် ၎င်းအား (ယင်းသို့ပင်)အမိန့်ထုတ်ပြန်တော်မူခြင်းကြောင့် ဖြစ်အံ့။

يَوْمَئِذٍ يَصْدُرُ النَّاسُ أَشْتَاتًا لِيُرَوْا أَعْمَالَهُمْ (6)

ထိုနေ့တွင် လူတို့သည် အုပ်စုအမျိုးမျိုး ကွဲလျက် မိမိတို့ကျင့်မူချက်တို့ကို ပြသခြင်း ခံကြရအံ့သောငှာ ပြန်လာကြပေမည်။ (ထွက်ပေါ်လာကြပေမည်)။

فَمَنْ يَعْمَلْ مِثْقَالَ ذَرَّةٍ خَيْرًا يَرَهُ (7)

သို့ဖြစ်ပေရာ မည်သူမဆို တစ်စုံတစ်ရာကောင်းမှုကို အဏုမြူခန့်မျှပင် ပြုမူခဲ့သည်ရှိသော် ထိုသူသည်(မိမိကျင့်မူခဲ့သော) ထိုကောင်းမှုကို တွေ့မြင်ရပေမည်။

وَمَنْ يَعْمَلْ مِثْقَالَ ذَرَّةٍ شَرًّا يَرَهُ (8)

ထိုနည်းတူစွာ မည်သူမဆို တစ်စုံတစ်ရာမကောင်းမှုကို အဏုမြူခန့်မျှပင် ပြုမူခဲ့ပါလျှင်လည်း ထိုသူသည် (မိမိပြုကျင့်ခဲ့သော) ယင်းမကောင်းမှုကို တွေ့မြင်ရမည်သာတည်း။