وَالضُّحَىٰ (1)

(ငါအရှင်မြတ်သည်) နေတက်ချိန် (နေ၏အလင်းရောင်)ကို သက်သေထူတော်မူ၏။

وَاللَّيْلِ إِذَا سَجَىٰ (2)

၎င်းပြင် (ငါအရှင်မြတ်သည်) ညဉ့်ကိုသက်သေထူတော်မူ၏။ အကြင်အခါဝယ် ထိုညဉ့်သည် လွှမ်းမိုးလေ၏။

مَا وَدَّعَكَ رَبُّكَ وَمَا قَلَىٰ (3)

အသင့်အား ဖန်ဆင်း မွေးမြူတော်မူသော အရှင်မြတ်သည် အသင့်ကို စွန့်ပစ်၍ထားတော်မူသည် လည်းမဟုတ်၊(အသင့်အား) မုန်းတီးတော်မူသည်လည်း မဟုတ်ပေ။

وَلَلْآخِرَةُ خَيْرٌ لَكَ مِنَ الْأُولَىٰ (4)

စင်စစ်သော်ကား အသင့်အဖို့ တမလွန်ဘဝသည် မျက်မှောက်လောကီဘဝထက် သာလွန် ကောင်းမြတ်လှ၏။

وَلَسَوْفَ يُعْطِيكَ رَبُّكَ فَتَرْضَىٰ (5)

၎င်းပြင် မကြာမြင့်မီ အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် အသင် နှစ်သိမ့် ကျေနပ်လောက်အောင် အမှန်ပင် ချီးမြှင့်ပေးသနား တော်မူပေမည်။

أَلَمْ يَجِدْكَ يَتِيمًا فَآوَىٰ (6)

ထိုအရှင်မြတ်သည် အသင့်အား မိဘမဲ့အဖြစ် တွေ့ရှိတော်မူခဲ့၍ ခိုကိုးရာပေးတော်မူခဲ့သည် မဟုတ်လော။

وَوَجَدَكَ ضَالًّا فَهَدَىٰ (7)

၎င်းပြင် ထိုအရှင်မြတ်သည် အသင့်အား လမ်းမပေါက်သူအဖြစ် တွေ့ရှိတော်မူခဲ့ရာ လမ်းညွှန်တော်မူခဲ့၏။

وَوَجَدَكَ عَائِلًا فَأَغْنَىٰ (8)

ထိုမှတစ်ပါး ထိုအရှင်မြတ်သည် အသင့်အား ပစ္စည်းမဲ့အဖြစ် တွေ့ရှိတော်မူခဲ့ရာ ဥစ္စာပစ္စည်းကြွယ်ဝ စေတော်မူခဲ့၏။

فَأَمَّا الْيَتِيمَ فَلَا تَقْهَرْ (9)

သို့ဖြစ်ပေရာ မည်သို့ပင်ဖြစ်စေကာမူ အသင်သည် မိဘမဲ့ကလေးသူငယ်အား ဖိနှိပ်(ကြိမ်းမောင်း) ခြင်းကို မပြုပါလေနှင့်။

وَأَمَّا السَّائِلَ فَلَا تَنْهَرْ (10)

ထိုနည်းတူစွာ မည်သို့ပင်ဖြစ်စေကာမူ အသင်သည် သူတောင်းစားအား ငေါက်ငမ်း၊ နှင်ထုတ်ခြင်းကို မပြုပါလေနှင့်။

وَأَمَّا بِنِعْمَةِ رَبِّكَ فَحَدِّثْ (11)

ထိုမှတစ်ပါး မည်သို့ပင်ဖြစ်စေကာမူ အသင်သည် မိမိအား မွေးမြူဖန်ဆင်းတော်မူသော အရှင်မြတ်၏ကျေးဇူးတော်ကို ထုတ်ဖေါ်ပြောကြား၍ နေပါလေ။