لَا أُقْسِمُ بِهَٰذَا الْبَلَدِ (1)
ငါအရှင်မြတ်သည် ဤ(မက္ကဟ်) မြို့တော်ကို သက်သေထူတော်မူ၏။
وَأَنْتَ حِلٌّ بِهَٰذَا الْبَلَدِ (2)
စင်စစ် အသင်သည် ဤ(မက္ကဟ်)မြို့တော်၌ ဝင်ခွင့်ပြုခြင်း ခံရပေမည်။
وَوَالِدٍ وَمَا وَلَدَ (3)
၎င်းပြင် (ငါအရှင်မြတ်သည်) ဖခင်ကိုလည်းကောင်း၊ ထိုဖခင်က မွေးဖွားသည့်(သားသမီး)ကို လည်းကောင်း၊ သက်သေထူတော်မူ၏။
لَقَدْ خَلَقْنَا الْإِنْسَانَ فِي كَبَدٍ (4)
မုချဧကန် ငါအရှင်မြတ်သည် လူကို(ကြီးကျယ်သော) ပင်ပန်းမှု၌ (ပင်ပန်းသောဘဝ၌) ဖန်ဆင်းတော်မူခဲ့၏။
أَيَحْسَبُ أَنْ لَنْ يَقْدِرَ عَلَيْهِ أَحَدٌ (5)
ထိုလူသည် မိမိအပေါ်၌ မည်သူတစ်ဦးတစ်ယောက်မျှပင် အလျှင်းတတ်စွမ်းနိုင်မည် မဟုတ်ဟု ထင်မှတ်လေသလော။
يَقُولُ أَهْلَكْتُ مَالًا لُبَدًا (6)
၎င်းက ကျွန်ုပ်သည် မြောက်မြားစွာသော ပစ္စည်းဥစ္စာကို သုံးဖြုန်းခဲ့သည်ဟု (ဝါကြွား)ပြောဆိုလေ၏။
أَيَحْسَبُ أَنْ لَمْ يَرَهُ أَحَدٌ (7)
၎င်းသည် မိမိအား မည်သူတစ်ဦးတစ်ယောက်မျှပင် မြင်ခဲ့သည် မဟုတ်ဟူ၍ ထင်မှတ်လေသလော။
أَلَمْ نَجْعَلْ لَهُ عَيْنَيْنِ (8)
ငါအရှင်မြတ်သည် ၎င်းအား မျက်စိနှစ်လုံးကိုပြုလုပ်၍ ပေးသနားတော်မူခဲ့သည် မဟုတ်ပါလော။
وَلِسَانًا وَشَفَتَيْنِ (9)
ထို့ပြင် လျှာတစ်ခုကိုလည်းကောင်း၊ နှုတ်ခမ်းနှစ်ခုကိုလည်းကောင်း၊ (ပြုလုပ်ပေးသနားတော်မမူခဲ့ ပါသလော)။
وَهَدَيْنَاهُ النَّجْدَيْنِ (10)
ထိုမှတစ်ပါး ငါအရှင်မြတ်သည် ၎င်းအား (အကောင်းအဆိုး) လမ်းနှစ်သွယ်ကို ညွှန်ပြတော်မူခဲ့ပေသတည်း။
فَلَا اقْتَحَمَ الْعَقَبَةَ (11)
သို့ပါလျက် ထိုလူသားသည် တောင်ကြား လမ်းကိုဖြတ်ကူးခဲ့သည် မဟုတ်ပေ။
وَمَا أَدْرَاكَ مَا الْعَقَبَةُ (12)
စင်စစ် တောင်ကြားလမ်းသည် အဘယ်နည်း၊ အသင် သိပါသလော။
فَكُّ رَقَبَةٍ (13)
ကျွန် တစ်ဦးတစ်ယောက်အား (ကျွန်ဘဝမှ)လွတ်မြောက်စေခြင်းပင်။
أَوْ إِطْعَامٌ فِي يَوْمٍ ذِي مَسْغَبَةٍ (14)
သို့တည်းမဟုတ် ငတ်မွတ်သောနေ့တွင် ကျွေးမွေးခြင်းပင်။
يَتِيمًا ذَا مَقْرَبَةٍ (15)
ဆွေမျိုးနီးစပ်ဖြစ်သော ဘမဲ့ကလေးသူငယ် တစ်ဦးတစ်ယောက်ကိုသော်လည်းကောင်း။
أَوْ مِسْكِينًا ذَا مَتْرَبَةٍ (16)
မြေကြီးပေါ် လူးလိမ့်နေသော ဒုက္ခိတသူဆင်းရဲ တစ်ဦးတစ်ယောက်ကိုသော်လည်းကောင်း။
ثُمَّ كَانَ مِنَ الَّذِينَ آمَنُوا وَتَوَاصَوْا بِالصَّبْرِ وَتَوَاصَوْا بِالْمَرْحَمَةِ (17)
ထို့နောက် အကြင်သူတို့တွင် ပါဝင်ခြင်းပင်၊ ထိုသူတို့သည် "အီမာန်" သက်ဝင်ယုံကြည်ခဲ့ကြကုန်၏။ ၎င်းပြင် ထိုသူတို့သည် အချင်းချင်း တစ်ဦး ကိုတစ်ဦး သည်းခံကြရန် လေးနက်စွာ ဆုံးမခဲ့ကြကုန်၏။ ထိုနည်းတူစွာ အချင်းချင်း တစ်ဦးကိုတစ်ဦး ကရုဏာတရားထားရှိကြရန်လည်း လေးနက်စွာ ဆုံးမခဲ့ကြကုန်၏။
أُولَٰئِكَ أَصْحَابُ الْمَيْمَنَةِ (18)
ထိုသူတို့ကား လက်ယာဘက်သားများပင် ဖြစ်ကြကုန်၏။
وَالَّذِينَ كَفَرُوا بِآيَاتِنَا هُمْ أَصْحَابُ الْمَشْأَمَةِ (19)
သို့ရာတွင် အကြင်သူတို့သည် ငါအရှင်မြတ်၏အာယတ်တော်များကို သွေဖည်ငြင်းပယ်ခဲ့ကြကုန်၏။ ထိုသူတို့ကား လက်ဝဲဘက်သားများပင် ဖြစ်ကြကုန်၏။
عَلَيْهِمْ نَارٌ مُؤْصَدَةٌ (20)
၎င်းတို့အပေါ်၌ ပိတ်လှောင်ထားသော ဖုံးအုပ်ထားသော မီးသည် လွှမ်းခြုံလျက်ပင် ရှိချေအံ့သတည်း။