إِذَا وَقَعَتِ الْوَاقِعَةُ (1)

အကြင်အခါဝယ် အဖြစ်အပျက် (ကိယာမတ်ရှင်ပြန်ထမည့်နေ့)သည် ဖြစ်ခဲ့အံ့။

لَيْسَ لِوَقْعَتِهَا كَاذِبَةٌ (2)

ယင်း အဖြစ်အပျက် (ကိယာမတ်) ဖြစ်မှုနှင့်စပ်လျဉ်း၍ မမှန်ဟူ၍မရှိပြီ။

خَافِضَةٌ رَافِعَةٌ (3)

(ယင်း အဖြစ်အပျက်သည် အချို့အား) နိမ့်စေ၍(အချို့အား) မြင့်စေမည်။

إِذَا رُجَّتِ الْأَرْضُ رَجًّا (4)

အကြင်အခါဝယ် ကမ္ဘာမြေသည် ပြင်းထန်စွာ တုန်လှုပ်စေခြင်းကို ခံရပေမည်။

وَبُسَّتِ الْجِبَالُ بَسًّا (5)

၎င်းပြင် တောင်များသည် ညက်ညက်ကြေအောင် ကြေမွစေခြင်းကို ခံကြရမည်။

فَكَانَتْ هَبَاءً مُنْبَثًّا (6)

ထိုအခါ ယင်းတောင်များမှာ ဖြန့်ကြဲထားသော မြူမှုန့် ဖြစ်သွားကြပေမည်။

وَكُنْتُمْ أَزْوَاجًا ثَلَاثَةً (7)

ထိုမှတစ်ပါး အသင်တို့သည် သုံးမျိုးသုံးစား ဖြစ်သွားကြပေမည်။

فَأَصْحَابُ الْمَيْمَنَةِ مَا أَصْحَابُ الْمَيْمَنَةِ (8)

မည်သို့ပင်ဖြစ်စေ လက်ယာဘက်သားတို့မှာ၊ ထိုလက်ယာဘက်သားတို့ကား အဘယ်မျှလောက် ကောင်းမြတ်ပေသနည်း။

وَأَصْحَابُ الْمَشْأَمَةِ مَا أَصْحَابُ الْمَشْأَمَةِ (9)

သို့ရာတွင် လက်ဝဲဘက်သားတို့မှာ၊ လက်ဝဲဘက်သားတို့ကား အဘယ်မျှလောက် ဆိုးရွားလှဘိ သနည်း။

وَالسَّابِقُونَ السَّابِقُونَ (10)

ထိုမှတစ်ပါး အသာဆုံးသောသူတို့မှာ အသာဆုံးသောသူများပင် ဖြစ်ကြကုန်၏။

أُولَٰئِكَ الْمُقَرَّبُونَ (11)

ထိုသူတို့ကား (အလ္လာဟ်အရှင်မြတ်နှင့်) အထူးနီးစပ်သော သူများပင်။

فِي جَنَّاتِ النَّعِيمِ (12)

(၎င်းတို့မှာကား) ထာဝရစည်းစိမ်နှင့် ပြည့်စုံသောဥယျာဉ်များ၌ ရှိကြကုန်အံ့သတည်း။

ثُلَّةٌ مِنَ الْأَوَّلِينَ (13)

(ယင်းဥယျာဉ်များတွင်)ရှေးသူဟောင်းတို့အနက်မှ အလွန်ကြီးမားများပြားသော အုပ်စုကြီးတစ်ခုရှိ ပေမည်။

وَقَلِيلٌ مِنَ الْآخِرِينَ (14)

၎င်းပြင် နောင်လာနောင်သားတို့ အနက်မှ အနည်းငယ် ရှိကြပေမည်။

عَلَىٰ سُرُرٍ مَوْضُونَةٍ (15)

(၎င်းတို့မှာ) ကျောက်သံပတ္တမြားစီ၍ မြှုပ်ထားသော သလွန်များထက်ဝယ်၊

مُتَّكِئِينَ عَلَيْهَا مُتَقَابِلِينَ (16)

(မှီအုံးများကို)မှီလျက် မျက်နှာချင်းဆိုင် ထိုင်လျက် ရှိနေကြပေမည်။

يَطُوفُ عَلَيْهِمْ وِلْدَانٌ مُخَلَّدُونَ (17)

၎င်းတို့ထံ အသက်သေဆုံးခြင်းမရှိဘဲ၊ အမြဲထာဝရ နုငယ်လျက် ရှိနေကြရအံ့သော သူငယ်တို့ လှည့်ပတ်သွားလာလျက် ရှိကြပေမည်။

بِأَكْوَابٍ وَأَبَارِيقَ وَكَأْسٍ مِنْ مَعِينٍ (18)

သောက်ရေဖလားများ၊ ရေတကောင်းများနှင့် သွင်သွင်စီးသော အရက်ဖြင့် ပြည့်လျှံလျက်ရှိသော ခွက်များကို ယူဆောင်၍၊

لَا يُصَدَّعُونَ عَنْهَا وَلَا يُنْزِفُونَ (19)

၎င်းတို့မှာ ထိုအရက်ကြောင့် ခေါင်းခဲခြင်းကိုလည်း ခံစားကြရမည် မဟုတ်ပေ။ သတိလစ်ကြမည်လည်း မဟုတ်ချေ။

وَفَاكِهَةٍ مِمَّا يَتَخَيَّرُونَ (20)

ထို့ပြင် ၎င်းတို့ နှစ်လိုကြသော သစ်သီးဝလံများ(ကို ယူဆောင်၍)၊

وَلَحْمِ طَيْرٍ مِمَّا يَشْتَهُونَ (21)

ထိုမှတစ်ပါး ၎င်းတို့ နှစ်သက်ကြသော ငှက်သားများ(ကို ယူဆောင်၍)၊

وَحُورٌ عِينٌ (22)

ထိုမှတစ်ပါး (၎င်းတို့အဖို့) လွန်စွာဖြူ၍ တင့်တယ်သော၊ မျက်စိပြူး၍လှပသော မိန်းမများလည်း ရှိကြပေမည်။

كَأَمْثَالِ اللُّؤْلُؤِ الْمَكْنُونِ (23)

လျှို့ဝှက်၍ထားရှိသော ပုလဲများပမာ။

جَزَاءً بِمَا كَانُوا يَعْمَلُونَ (24)

(ဤသည်) ၎င်းတို့ ကျင့်မူ ဆောက်တည်လျက်ရှိခဲ့ကြလေသော ကောင်းမှုများ၏ အစားပေးတော်မူ ခြင်းပင်။

لَا يَسْمَعُونَ فِيهَا لَغْوًا وَلَا تَأْثِيمًا (25)

ထိုသူတို့သည် ယင်းဥယျာဉ်များ၌ မည်သည့်မရေမရာသော စကားလုံးမျှလည်းကောင်း၊ မည်သည့်အပြစ်ဖြစ်စေသော စကားကိုမျှလည်းကောင်း၊ ကြားရမည် မဟုတ်ပေ။

إِلَّا قِيلًا سَلَامًا سَلَامًا (26)

‘စလာမ်’ ‘စလာမ်’ (ဘေးရန်ခပ်သိမ်း ကင်းငြိမ်းပါစေ၊ ဘေးရန်ခပ်သိမ်းကင်းငြိမ်းပါစေ)ဟူ၍ပြော ဆိုခြင်းကိုသာလျှင် (ကြားကြရကုန်အံ့သတည်း။)

وَأَصْحَابُ الْيَمِينِ مَا أَصْحَابُ الْيَمِينِ (27)

ထို့ပြင် လက်ယာ ဘက်သားတို့ကား၊ ထိုလက်ယာဘက်သားတို့မှာ အဘယ်မျှ ကောင်းမြတ်ကြ ပေသနည်း။

فِي سِدْرٍ مَخْضُودٍ (28)

(၎င်းတို့မှာ) ဆူးများရှင်းထားပြီးဖြစ်သော ဆီးပင်ရှိရာ၌ ရှိကြပေမည်။

وَطَلْحٍ مَنْضُودٍ (29)

၎င်းပြင် အခိုင်လိုက်သီးသော ငှက်ပျောပင်များရှိရာ၌ ရှိကြပေမည်။

وَظِلٍّ مَمْدُودٍ (30)

ထို့ပြင် ကျယ်ဝန်းပြန့်ပြူး၍ မြဲသောအရိပ် အာဝါသ၌ ရှိကြပေမည်။

وَمَاءٍ مَسْكُوبٍ (31)

ထိုမှတစ်ပါး (မြေပေါ်)၌ အမြဲစီးတွေလျက်ရှိသော ရေရှိရာ၌ ရှိကြပေမည်။

وَفَاكِهَةٍ كَثِيرَةٍ (32)

ထို့ပြင် မြောက်မြားစွာသော သစ်သီးဝလံများရှိရာ၌ ရှိနေကြပေမည်။

لَا مَقْطُوعَةٍ وَلَا مَمْنُوعَةٍ (33)

(ထိုသစ်သီးဝလံများမှာ မည်သည့် ဥတုရာသီ၌မျှ) ကုန်ခန်းသော သစ်သီးဝလံများလည်း မဟုတ်ပေ၊ (မည်သို့မျှ) ပိတ်ပင်တားမြစ်ခြင်းခံရအံ့သော သစ်သီးဝလံများလည်း မဟုတ်ချေ။

وَفُرُشٍ مَرْفُوعَةٍ (34)

ထိုမှတစ်ပါး (၎င်းတို့သည်) မြင့်စွင့်လှစွာသောသလွန်များ၊ အခင်းအကျင်းများ၊ မွေ့ရာများပေါ်၌ ရှိနေကြပေမည်။

إِنَّا أَنْشَأْنَاهُنَّ إِنْشَاءً (35)

ဧကန်မလွဲ ငါအရှင်မြတ်သည် (ဂျန္နတ်သုခဘုံ၌ ရှိကုန်သော) ထိုမိန်းမတို့အား အထူးဖန်ဆင်းတော် မူခဲ့၏။

فَجَعَلْنَاهُنَّ أَبْكَارًا (36)

တစ်ဖန် ငါအရှင်မြတ်သည် ၎င်းတို့အား ပျိုကညာများ ပြုလုပ်တော်မူခဲ့၏။

عُرُبًا أَتْرَابًا (37)

(လင်ယောက်ျားတို့အား)ချစ်ခင် စုံမက်ကြသော၊ သက်တူရွယ်တူများဖြစ်ကြသော၊

لِأَصْحَابِ الْيَمِينِ (38)

လက်ယာဘက်သားတို့အဖို့၊

ثُلَّةٌ مِنَ الْأَوَّلِينَ (39)

(ထိုလက်ယာဘက်သားတို့တွင်) ရှေးသူဟောင်းတို့အနက် ကြီးကျယ်လှစွာသော အုပ်စုကြီးတစ်ခုသည် လည်းကောင်း၊

وَثُلَّةٌ مِنَ الْآخِرِينَ (40)

နောင်လာနောက်သားတို့အနက်မှ ကြီးကျယ်လှစွာသော အုပ်စုကြီးတစ်ခုသည် လည်းကောင်း၊ ပါဝင်ကြကုန်အံ့သတည်း။

وَأَصْحَابُ الشِّمَالِ مَا أَصْحَابُ الشِّمَالِ (41)

သို့ရာတွင် လက်ဝဲဘက်သားတို့မှာ၊ လက်ဝဲဘက်သားတို့သည် အဘယ်မျှလောက် ဆိုးရွားလှဘိ သနည်း။

فِي سَمُومٍ وَحَمِيمٍ (42)

(ထိုလက်ဝဲဘက်သားတို့မှာ) ခြစ်ခြစ်ပူလောင်သော လေပူ၌လည်းကောင်း၊ ပွက်ပွက်ဆူလျက်ရှိသော ရေနွေးပူ၌လည်းကောင်း၊

وَظِلٍّ مِنْ يَحْمُومٍ (43)

လွန်စွာနက်မှောင်သော အခိုးအငွေ့၏ အရိပ်၌လည်းကောင်း၊ ရှိကြပေမည်။

لَا بَارِدٍ وَلَا كَرِيمٍ (44)

(ယင်းအရိပ်မှာ) အေးမြသည်လည်း မဟုတ်ပေ။ ပြန်၍ လန်းဆန်းစေသည်လည်း မရှိပေ။

إِنَّهُمْ كَانُوا قَبْلَ ذَٰلِكَ مُتْرَفِينَ (45)

စင်စစ်ဧကန် ၎င်းတို့သည် ထိုသည့်အလျင် စည်းစိမ်ကြီးသူများပင် ဖြစ်ခဲ့ကြကုန်၏။

وَكَانُوا يُصِرُّونَ عَلَى الْحِنْثِ الْعَظِيمِ (46)

ထို့ပြင် အလွန်အမင်း ကြီးလေးသော ပြစ်မှုဒုစရိုက်ကို ဇွတ်တိုး၍ ကျူးလွန်လျက် ရှိခဲ့ကြကုန်၏။

وَكَانُوا يَقُولُونَ أَئِذَا مِتْنَا وَكُنَّا تُرَابًا وَعِظَامًا أَإِنَّا لَمَبْعُوثُونَ (47)

ထိုမှတစ်ပါး ၎င်းတို့သည် (ဤသို့) ပြောဆိုလျက်ရှိခဲ့ကြကုန်၏။ ‘ကျွန်ုပ်တို့သည် သေပြီးနောက် အရိုးများ ဖြစ်ခဲ့ကြသောအခါ ရှင်ပြန်ထစေခြင်းကို ခံကြရဦးမည်လော’။

أَوَآبَاؤُنَا الْأَوَّلُونَ (48)

‘၎င်းပြင် ရှေးသူဟောင်းများ ဖြစ်ကြသော ကျွန်ုပ်တို့၏ အဘ ဘိုးဘေးတို့သည်လည်း (ရှင်ပြန် ထကြဦးမည်လော)’။

قُلْ إِنَّ الْأَوَّلِينَ وَالْآخِرِينَ (49)

(အို-နဗီတမန်တော်၊) အသင်သည် ပြောကြားပါလေ။ (အချင်းတို့) ဧကန်မလွဲ လူဟောင်းတို့သည် လည်းကောင်း၊ နောင်လာနောက်သားတို့သည် လည်းကောင်း။

لَمَجْمُوعُونَ إِلَىٰ مِيقَاتِ يَوْمٍ مَعْلُومٍ (50)

အမှန်ပင် သတ်မှတ်ပြီးဖြစ်သောနေ့ ဆိုက်ရောက်လာသောအချိန်တွင် စုရုံးခြင်း ခံကြရပေမည်။

ثُمَّ إِنَّكُمْ أَيُّهَا الضَّالُّونَ الْمُكَذِّبُونَ (51)

ထို့နောက် အို-လမ်းလွဲသူတို့၊ မဟုတ်မမှန်ဟူ၍ စွပ်စွဲငြင်းပယ်သူတို့၊ အသင်တို့သည် ဧကန်မလွဲ၊

لَآكِلُونَ مِنْ شَجَرٍ مِنْ زَقُّومٍ (52)

‘ဇက္ကူမ်’ ရှားစောင်းခါးပင် စားကြရမည်ဖြစ်၏။

فَمَالِئُونَ مِنْهَا الْبُطُونَ (53)

တစ်ဖန် (အသင်တို့သည်) ယင်း ရှားစောင်းခါးပင်(မှ စားသုံးခြင်း)ဖြင့် ဝမ်းဗိုက်များကို ဖြည့်ကြရမည်ဖြစ်၏။

فَشَارِبُونَ عَلَيْهِ مِنَ الْحَمِيمِ (54)

တစ်ဖန် (အသင်တို့သည်) ယင်းရှားစောင်းခါးပင် စားပြီးနောက် ပွက်ပွက်ဆူလျက်ရှိသော ရေနွေးပူကို သောက်ကြရမည်ဖြစ်၏။

فَشَارِبُونَ شُرْبَ الْهِيمِ (55)

ထိုအခါ (အသင်တို့သည် ထိုပွက်ပွက်ဆူလျက်ရှိသော ရေနွေးပူကို) လွန်စွာ ရေမွတ်သိပ်လျက် ရှိကုန်သော ကုလားအုတ်များ သောက်သကဲ့သို့ပင် သောက်ကြရပေမည်။

هَٰذَا نُزُلُهُمْ يَوْمَ الدِّينِ (56)

ဤသည်ကား ၎င်းတို့အား အစားပေးသောနေ့တွင် ဧည့်ခံကျွေးမွေးခြင်းပင် ဖြစ်အံ့သတည်း။

نَحْنُ خَلَقْنَاكُمْ فَلَوْلَا تُصَدِّقُونَ (57)

ငါအရှင်မြတ်သည်ပင်လျှင် အသင်တို့အား ဖန်ဆင်းတော်မူခဲ့၏။ သို့ပါလျက် အသင်တို့သည် မည်သည့်အတွက်ကြောင့် ဟုတ်မှန်ကြောင်း ဝန်မခံ ကြလေသနည်း။

أَفَرَأَيْتُمْ مَا تُمْنُونَ (58)

အသင်တို့ ပြောပြကြကုန်။ အသင်တို့သည် မိမိတို့သုတ်ရည် အစက်ချကြသည်။

أَأَنْتُمْ تَخْلُقُونَهُ أَمْ نَحْنُ الْخَالِقُونَ (59)

ယင်းသုတ်ရည်ကို အသင်တို့ကိုယ်တိုင် (လူဖြစ်အောင်) ဖန်ဆင်းကြလေသလော။ သို့တည်းမဟုတ် ငါအရှင်မြတ်ပင် ဖန်ဆင်းတော်မူပါသလော။

نَحْنُ قَدَّرْنَا بَيْنَكُمُ الْمَوْتَ وَمَا نَحْنُ بِمَسْبُوقِينَ (60)

ငါအရှင်မြတ်သည်ပင်လျှင် အသင်တို့ကြား၌’မရဏ’ သေဆုံးခြင်းကို တင်ရင်စီမံတော်မူခဲ့၏။ ထိုမှတစ်ပါး ငါအရှင်မြတ်သည် မစွမ်းနိုင်တော်မူသောအရှင် မဟုတ်ပြီ၊

عَلَىٰ أَنْ نُبَدِّلَ أَمْثَالَكُمْ وَنُنْشِئَكُمْ فِي مَا لَا تَعْلَمُونَ (61)

ငါအရှင်မြတ်သည် အသင်တို့ကဲ့သို့သော (အခြား)သူတို့အား ပြောင်းလဲ(ဖန်ဆင်းတော်မူ)ရန် လည်းကောင်း၊ အသင်တို့အား အသင်တို့ပင် မသိကြသော အခြေအနေမျိုး၌ ဖန်ဆင်းတော်မူရန်လည်းကောင်း။

وَلَقَدْ عَلِمْتُمُ النَّشْأَةَ الْأُولَىٰ فَلَوْلَا تَذَكَّرُونَ (62)

ထို့ပြင် ဧကန်စင်စစ် အသင်တို့သည် ပထမအကြိမ် ဖန်ဆင်းတော်မူခြင်းကို ကောင်းမွန်စွာ သိရှိပြီး ဖြစ်ကြလျက် မည်သည့်အတွက်ကြောင့် နားမလည် ကြသနည်း။

أَفَرَأَيْتُمْ مَا تَحْرُثُونَ (63)

အသင်တို့သည် မိမိတို့ စိုက်ပျိုးကြသည်များကို မြင်ခဲ့ကြလေသလော။

أَأَنْتُمْ تَزْرَعُونَهُ أَمْ نَحْنُ الزَّارِعُونَ (64)

ထိုစိုက်ပျိုးထားကြသည့် မျိုးစေ့ကို အသင်တို့ကိုယ်တိုင် ပေါက်ရောက်စေကြလေသလော။ သို့တည်းမဟုတ်၊ ငါအရှင်မြတ်သည်ပင် ပေါက်ရောက်စေတော်မူသော အရှင်မြတ် ဖြစ်တော်မူပါသလော။

لَوْ نَشَاءُ لَجَعَلْنَاهُ حُطَامًا فَظَلْتُمْ تَفَكَّهُونَ (65)

အကယ်၍သာ ငါအရှင်မြတ်သည် အလိုရှိတော်မူပါလျှင် ယင်းစိုက်ပျိုးခင်းကို စဉ်းထားသောကောက်ရိုးများ၊ မြက်ခြောက်များ ဖြစ်စေတော်မူခဲ့ပေ မည်။ ထိုအခါ အသင်တို့သည် တွေဝေ ငေးမှိုင်လျက် ရှိကြပေမည်။

إِنَّا لَمُغْرَمُونَ (66)

ဧကန်စင်စစ် ကျွန်ုပ်တို့သည် ကြွေးမြီတင်ခြင်း ဒဏ်ဆောင်စေခြင်း ခံကြရလေပြီ။

بَلْ نَحْنُ مَحْرُومُونَ (67)

ထိုသို့ အလျှင်းမဟုတ်၊ စင်စစ်မှာကား ကျွန်ုပ်တို့သည် လက်မဲ့ဖြစ်စေခြင်းကိုပင် ခံကြရလေပြီ(ဟု ပြောဆို ညည်းညူကြပေမည်)။

أَفَرَأَيْتُمُ الْمَاءَ الَّذِي تَشْرَبُونَ (68)

အသင်တို့သည် မိမိတို့ သောက်သုံးကြသော ရေကို မြင်ခဲ့ကြလေသလော။

أَأَنْتُمْ أَنْزَلْتُمُوهُ مِنَ الْمُزْنِ أَمْ نَحْنُ الْمُنْزِلُونَ (69)

ထိုရေကို အသင်တို့ကိုယ်တိုင် မိုးတိမ်မှ ရွာသွန်းစေကြသလော။ သို့တည်းမဟုတ် ငါအရှင်မြတ်ပင် ရွာသွန်းစေတော်မူသော အရှင်ဖြစ်တော်မူပါသလော။

لَوْ نَشَاءُ جَعَلْنَاهُ أُجَاجًا فَلَوْلَا تَشْكُرُونَ (70)

အကယ်၍သာ ငါအရှင်မြတ်သည် အလိုရှိတော်မူပါလျှင် ထိုရေကို ရေငန်ရေခါး ပြုလုပ်တော်မူခဲ့ မည်သာ။သို့ပါလျက် အသင်တို့သည် မည်သည့် အတွက်ကြောင့် ကျေးဇူးမတင်ကြပေသနည်း။

أَفَرَأَيْتُمُ النَّارَ الَّتِي تُورُونَ (71)

အသင်တို့သည် မိမိတို့မွှေးကြသော မီးကို မြင်ခဲ့ကြလေသလော။

أَأَنْتُمْ أَنْشَأْتُمْ شَجَرَتَهَا أَمْ نَحْنُ الْمُنْشِئُونَ (72)

ထိုမီးထွက်သော သစ်ပင်ကို အသင်တို့ကိုယ်တိုင် ပေါက်ရောက်စေခဲ့ကြလေသလော။ သို့တည်းမဟုတ် ငါအရှင်မြတ်သည်ပင် ပေါက်ရောက်စေတော် မူသောအရှင် ဖြစ်တော်မူပါသလော။

نَحْنُ جَعَلْنَاهَا تَذْكِرَةً وَمَتَاعًا لِلْمُقْوِينَ (73)

ငါအရှင်မြတ်သည်ပင် ထိုသစ်ပင်ကို သတိရစေသော၊ တရားရစေသောအရာ အဖြစ်လည်းကောင်း၊ ခရီးသည်တို့အဖို့ အကျိုးကျေးဇူးရှိစေသောအရာ အဖြစ်လည်းကောင်း၊ ပြုလုပ်တော်မူခဲ့၏။

فَسَبِّحْ بِاسْمِ رَبِّكَ الْعَظِيمِ (74)

သို့ဖြစ်ပေရာ (အို-နဗီတမန်တော်) အသင်သည် မိမိအား ဖန်ဆင်းမွေးမြူတော်မူသော၊ ကြီးကျယ် မြင့်မြတ်လှတော်မူသော အရှင်မြတ်(၏ နာမံတော်၊ စင်ကြယ် သန့်ရှင်းတော်မူကြောင်း) ချီးမွမ်းမြွက်ဆိုပါလေ။

۞ فَلَا أُقْسِمُ بِمَوَاقِعِ النُّجُومِ (75)

သို့ဖြစ်ပေရာ ငါအရှင်မြတ်သည် ကြယ်နက္ခတ်တို့၏ဝင်ရာ၊ စခန်းချရာများကို သက်သေထူ(ကျိန်ဆို)တော်မူ၏။

وَإِنَّهُ لَقَسَمٌ لَوْ تَعْلَمُونَ عَظِيمٌ (76)

စင်စစ်ဆိုသော် ယင်းသို့ သက်သေထူခြင်း (ကျိန်ဆိုခြင်း)မှာ အကယ်၍ အသင်တို့သိရှိကြလျှင် ကြီးကျယ်စွာသော သက်သေထူမူ ကျိန်ဆိုမှု)ပင်။

إِنَّهُ لَقُرْآنٌ كَرِيمٌ (77)

ဧကန်မလွဲ ယင်းသည် ဂုဏ်ကျက်သရေနှင့် ပြည့်စုံသော ကုရ်အာန်ကျမ်းတော်မြတ်ပင်။

فِي كِتَابٍ مَكْنُونٍ (78)

မှတ်တမ်းစာအုပ်တစ်ခု၌ ထိန်းသိမ်း စောင့်ရှောက်၍ ထားရှိပြီးဖြစ်သော။

لَا يَمَسُّهُ إِلَّا الْمُطَهَّرُونَ (79)

ယင်း မှတ်တမ်းစာအုပ်ကို စင်ကြယ်သန့်ရှင်းကြသော သူတို့မှတစ်ပါး မည်သူမျှ ထိတွေ့ကြသည်မရှိပြီ။

تَنْزِيلٌ مِنْ رَبِّ الْعَالَمِينَ (80)

စကြာဝဠာခပ်သိမ်းတို့ကို ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်မှ ချမှတ်ပေးတော်မူခြင်း ခံရလေသော၊

أَفَبِهَٰذَا الْحَدِيثِ أَنْتُمْ مُدْهِنُونَ (81)

သို့ပါလျက် အသင်တို့သည် ဤအာယတ်တော်ကို မထီမဲ့မြင်ပြုကြလေသလော၊ ပျင်းရိနေကြသလော။

وَتَجْعَلُونَ رِزْقَكُمْ أَنَّكُمْ تُكَذِّبُونَ (82)

ထိုမှတစ်ပါး အသင်တို့သည် မဟုတ်မမှန်ဟူ၍ ငြင်းပယ်မှုကိုပင် မိမိတို့၏အစားအစာ ပြုလုပ်ကြလေသလော။(တစ်နည်း) ထိုမှတစ်ပါး အသင်တို့သည် မိမိတို့ စားနပ်ရိက္ခာနှင့်စပ်လျဉ်း၍ ကျေးဇူးတင်ကြမည့်အစား၊ မဟုတ်မမှန်ဟူ၍ ငြင်းပယ်ကြလေသလော၊

فَلَوْلَا إِذَا بَلَغَتِ الْحُلْقُومَ (83)

သို့ဖြစ်လျှင် အသက်ဇီဝိန်သည် လည်မျိုသို့ ရောက်ရှိလာသောအခါ အသင်တို့သည် မည်သည့်အတွက်ကြောင့် (မဟုတ်မမှန်ဟူ၍ ငြင်းပယ်ခြင်း) မပြုကြသနည်း။

وَأَنْتُمْ حِينَئِذٍ تَنْظُرُونَ (84)

စင်စစ် အသင်တို့သည် ထိုရောအခါဝယ် ကြည့်၍ နေကြကုန်၏။

وَنَحْنُ أَقْرَبُ إِلَيْهِ مِنْكُمْ وَلَٰكِنْ لَا تُبْصِرُونَ (85)

စင်စစ်သော်ကား ငါအရှင်မြတ်သည် အသင်တို့ထက် ပိုမို၍ပင် ထိုသူနှင့် နီးကပ်လျက် ရှိနေတော်မူ၏။ သို့ရာတွင် အသင်တို့သည် မြင်ကြသည် မဟုတ်ပေ။

فَلَوْلَا إِنْ كُنْتُمْ غَيْرَ مَدِينِينَ (86)

သို့ဖြစ်ပေရာ အသင်တို့သည် အစားပေးခြင်း ခံရအံ့သောသူများ မဟုတ်(ဟု ဆိုရာ၌) အမှန်ကို ပြောဆိုသူများဖြစ်ကြလျှင် မည်သည့်အတွက်ကြောင့်၊

تَرْجِعُونَهَا إِنْ كُنْتُمْ صَادِقِينَ (87)

ယင်း အသက်ဇီဝိန်ကို ပြန်လည်၍ ယူမထားကြပေသနည်း။

فَأَمَّا إِنْ كَانَ مِنَ الْمُقَرَّبِينَ (88)

တစ်ဖန် မည်သို့ပင်ဖြစ်စေ၊ အကယ်၍ ထို(သေဆုံးသော) သူသည် နီးကပ်သောသူတို့တွင် ပါဝင်ခဲ့သည်ရှိသော်။

فَرَوْحٌ وَرَيْحَانٌ وَجَنَّتُ نَعِيمٍ (89)

သို့ဖြစ်လျှင် (ထိုသူ၏အဖို့) ချမ်းသာမှုသည်လည်းကောင်း၊ အစားအစာသည်လည်းကောင်း၊ မွေ့ လျော်စံပျော်ရာ ‘ဂျန္နတ်’ သုခဘုံသည်လည်းကောင်း၊ ရှိချေမည်။

وَأَمَّا إِنْ كَانَ مِنْ أَصْحَابِ الْيَمِينِ (90)

၎င်းပြင် အကယ်၍ ထိုသူသည် လက်ယာဘက်သားတို့တွင် ပါဝင်ခဲ့သူ၊

فَسَلَامٌ لَكَ مِنْ أَصْحَابِ الْيَمِينِ (91)

သို့ဖြစ်လျှင် (အသင်သည်) လက်ယာဘက်သားတို့တွင် ပါဝင်သောကြောင့် အသင့်အဖို့ ငြိမ်းချမ်းမှုသည် ရှိပေမည်(ဟု သတင်းပြောကြားခြင်းကို ခံရပေမည်။)

وَأَمَّا إِنْ كَانَ مِنَ الْمُكَذِّبِينَ الضَّالِّينَ (92)

သို့ရာတွင် အကယ်၍ ထိုသူသည် လမ်းမှားကြကုန်သော၊ မဟုတ်မမှန်ဟူ၍ ငြင်းပယ်ကြကုန်သော၊ သူတို့အနက်တွင် အပါအဝင် ဖြစ်ခဲ့သည်ရှိသော်၊

فَنُزُلٌ مِنْ حَمِيمٍ (93)

(ထိုသူအား) ပွက်ပွက်ဆူ၍နေသော ရေနွေးပူဖြင့် ဧည့်ခံခြင်းသည်လည်းကောင်း၊

وَتَصْلِيَةُ جَحِيمٍ (94)

အလျှံပြောင်ပြောင် တောက်လောင်လျက် ရှိသော မီးထဲသို့ ဝင်ရောက်စေခြင်းသည် လည်းကောင်း၊ ရှိပေမည်။

إِنَّ هَٰذَا لَهُوَ حَقُّ الْيَقِينِ (95)

ဧကန်မလွဲ ဤသည် ထင်ရှားသော အမှန်ပင်ဖြစ်၏။

فَسَبِّحْ بِاسْمِ رَبِّكَ الْعَظِيمِ (96)

သို့ဖြစ်ပေရာ (အို-နဗီတမန်တော်)၊ အသင်သည် မိမိအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်(၏နာမံတော်-စင်ကြယ် သန့်ရှင်းတော်မူကြောင်း)ချီးမွမ်းမြွက်ဆိုပါလေ။