طس ۚ تِلْكَ آيَاتُ الْقُرْآنِ وَكِتَابٍ مُبِينٍ (1)
သွာ၊စီန်" ဤသည်တို့ကား ထင်ရှားသောကုရ်အာန်ကျမ်းဂန်၏ အာယတ်တော်များပင်။
هُدًى وَبُشْرَىٰ لِلْمُؤْمِنِينَ (2)
မုအ်မင်န်" သက်ဝင်ယုံကြည်သူတို့အဖို့ တရားလမ်းညွှန်ရာနှင့် သတင်းကောင်းဖြစ်၏။
الَّذِينَ يُقِيمُونَ الصَّلَاةَ وَيُؤْتُونَ الزَّكَاةَ وَهُمْ بِالْآخِرَةِ هُمْ يُوقِنُونَ (3)
အကြင် "မုအ်မင်န်" သက်ဝင်ယုံကြည်သူတို့သည် ဆွလာတ်ဝတ်ပြုမှုကို ဆောက်တည်ကြသည့်ပြင် ဇကာတ်လည်း ပေးဆောင်ကြကုန်၏။ "အာခိရတ်" တမလွန်ဘဝကိုလည်း ယုံကြည်ကြကုန်၏။
إِنَّ الَّذِينَ لَا يُؤْمِنُونَ بِالْآخِرَةِ زَيَّنَّا لَهُمْ أَعْمَالَهُمْ فَهُمْ يَعْمَهُونَ (4)
ဧကန်မလွဲ အာခိရတ် တမလွန်ဘဝကို မယုံကြည်သောသူတို့၏အမြင်တွင် ငါအရှင်မြတ်သည် ၎င်းတို့၏ပြုမူချက်များကို လှပတင့်တယ်စေတော်မူခဲ့၏။ သို့ဖြစ်ပေရာ ၎င်းတို့မှာ တဝဲလည်လည် ဖြစ်နေကြကုန်၏။
أُولَٰئِكَ الَّذِينَ لَهُمْ سُوءُ الْعَذَابِ وَهُمْ فِي الْآخِرَةِ هُمُ الْأَخْسَرُونَ (5)
၎င်းတို့သည်ပင်လျှင် အကြင်သူများ ဖြစ်ကြကုန်၏။ ထိုသူတို့အဖို့ (ဤလောက၌လည်း) အလွန်ဆိုးရွားသောပြစ်ဒဏ်သည် ရှိပေ၏။ "အာခိရတ်"နောင်တမလွန်ဘဝတွင်လည်း ၎င်းတို့သည် အလွန်ဆုံးရှုံးသူများပင် ဖြစ်ကြပေမည်။
وَإِنَّكَ لَتُلَقَّى الْقُرْآنَ مِنْ لَدُنْ حَكِيمٍ عَلِيمٍ (6)
၎င်းပြင် ဧကန်စင်စစ် အသင်သည် ကုရ်အာန်ကျမ်းတော်မြတ်ကို အလွန်တရာ ဆင်ခြင်တုံတရားနှင့် ပြည့်စုံတော်မူသော၊ အလွန်တရာ အသိပညာနှင့်ပြည့်စုံ တော်မူသောအရှင်မြတ်ထံတော်မှ ရရှိနေပေသတည်း။
إِذْ قَالَ مُوسَىٰ لِأَهْلِهِ إِنِّي آنَسْتُ نَارًا سَآتِيكُمْ مِنْهَا بِخَبَرٍ أَوْ آتِيكُمْ بِشِهَابٍ قَبَسٍ لَعَلَّكُمْ تَصْطَلُونَ (7)
(ပြန်လည်သတိရရှိပါလေ)။ တစ်ရံရောအခါဝယ် မူစာသည် မိမိအိမ်သူအိမ်သားများအား ပြောကြားခဲ့လေ၏။ ဧကန်စင်စစ် ငါသည် မီးတစ်ခုကို မြင်တွေ့လေပြီ။ယခုပင် ငါသည် အသင်တို့ထံ ထိုမီးရှိရာမှ သတင်းတစ်စုံတစ်ရာကို ယူခဲ့မည်။ သို့တည်းမဟုတ် ငါသည် အသင်တို့ထံ မီးလှုံနိုင်ကြအံ့သောငှာ မီးတောက်တစ်ခုကို (ထင်း သို့မဟုတ် အခြားတစ်စုံတစ်ရာဖြင့်)ညှိ၍ အသင်တို့ထံ ဆောင်ကြဉ်းခဲ့ပေမည်။
فَلَمَّا جَاءَهَا نُودِيَ أَنْ بُورِكَ مَنْ فِي النَّارِ وَمَنْ حَوْلَهَا وَسُبْحَانَ اللَّهِ رَبِّ الْعَالَمِينَ (8)
ထို့နောက် ထိုမူစာသည် ၎င်းမီးရှိရာသို့ ရောက်ရှိခဲ့လေသော်၊(အို-မူစာ)၊ မီး၌ ရှိသူတို့သည် လည်းကောင်း။ ထိုမီး၏ပတ်ဝန်းကျင်၌ ရှိသူတို့သည်လည်းကောင်း၊ ဗရ်ကသ်ကျက်သရေမင်္ဂလာကို ရရှိကြစေသော်ဝ်။ စင်စစ် စကြာဝဠာခပ်သိမ်းတို့ကို ဖန်ဆင်း မွေးမြူတော်မူသော အလ္လာဟ်အရှင်မြတ်သည် သန့်ရှင်းစင်ကြယ်တော်မူပါပေသည်တကားဟူ၍ အသံပေးခြင်းကို ခံခဲ့ရလေသည်။
يَا مُوسَىٰ إِنَّهُ أَنَا اللَّهُ الْعَزِيزُ الْحَكِيمُ (9)
အို-မူစာ၊ ငါသည် အလွန်တရာ လွှမ်းမိုးတော်မူသော၊ ဆင်ခြင်တုံတရားနှင့် အလွန်တရာ ပြည့်စုံတော်မူသောငါအရှင်မြတ်ပင် ဖြစ်တော်မူ၏။
وَأَلْقِ عَصَاكَ ۚ فَلَمَّا رَآهَا تَهْتَزُّ كَأَنَّهَا جَانٌّ وَلَّىٰ مُدْبِرًا وَلَمْ يُعَقِّبْ ۚ يَا مُوسَىٰ لَا تَخَفْ إِنِّي لَا يَخَافُ لَدَيَّ الْمُرْسَلُونَ (10)
၎င်းပြင် အသင်သည် မိမိတောင်ဝှေးကို(မြေကြီးပေါ်သို့)ပစ်ချပါလေ။ ထို့နောက် ထိုမူစာသည် (ယင်းတောင်ဝှေးကို အမိန့်တော်အတိုင်း ပစ်ချခဲ့ရာ) ထိုတောင်ဝှေးမှာ မြွေကဲ့သို့ တွန့်လိမ်လှုပ်ရှားလျက်ရှိသည်ကို တွေ့မြင်သောအခါ နောက်သို့ပြန်၍မကြည့်ဘဲ ကျောခိုင်း၍ လှည့်ထွက်သွားခဲ့လေ၏။ (ထိုအခါ အလ္လာဟ်အရှင်မြတ်က မိန့်ကြားတော်မူခဲ့၏၊)အို-မူစာ၊ အသင်သည် မကြောက်ပါလေနှင့်။ ဧကန်မလွဲ ငါအရှင်မြတ်အထံတော်တွင် ရစူလ်တမန်တော်တို့သည် ကြောက်ရွံ့လေ့မရှိကြချေ။
إِلَّا مَنْ ظَلَمَ ثُمَّ بَدَّلَ حُسْنًا بَعْدَ سُوءٍ فَإِنِّي غَفُورٌ رَحِيمٌ (11)
သို့ရာတွင် မည်သူမဆို မတရားကျူးလွန်ခဲ့လျှင် တစ်ဖန်ထိုသူသည် မကောင်းမှု၏နောက်တွင် ကောင်းမှုကို ပြောင်းလဲ၍ပြုခဲ့လျှင် မလွဲဧကန် ငါ အရှင်မြတ်သည် အလွန်တရာ ခွင့်လွှတ်တော်မူသော အလွန်တရာ သနားကရုဏာပြုတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။
وَأَدْخِلْ يَدَكَ فِي جَيْبِكَ تَخْرُجْ بَيْضَاءَ مِنْ غَيْرِ سُوءٍ ۖ فِي تِسْعِ آيَاتٍ إِلَىٰ فِرْعَوْنَ وَقَوْمِهِ ۚ إِنَّهُمْ كَانُوا قَوْمًا فَاسِقِينَ (12)
၎င်းပြင် အသင်သည် မိမိလက်ကို မိမိလက်ကတီးကြားတွင် သွင်းပါလေ။ (ထိုအခါ) ထိုလက်မှာ အပြစ်တစ်စုံတစ်ရာမရှိဘဲ ပကတိ ထွန်းတောက်လျက် ထွက်ပေါ်၍ လာပေမည်။ (ဤသည်)ဖစ်ရ်အောင်န်နှင့်တကွ ၎င်း၏အမျိုးသားတို့နှင့်ယှဉ်ပြိုင်အံ့သောငှာ တန်ခိုးတော်ကိုးပါးတွင် အပါအဝင်ဖြစ်၏။ ဧကန်စင်စစ် ၎င်းတို့မှာ စည်းကမ်းဖောက်ဖျက် ကျူးလွန်ကြသောအမျိုးသားများပင် ဖြစ်ကြပေသည်။
فَلَمَّا جَاءَتْهُمْ آيَاتُنَا مُبْصِرَةً قَالُوا هَٰذَا سِحْرٌ مُبِينٌ (13)
ထို့နောက် ၎င်းတို့ထံ ငါအရှင်မြတ်၏ ရှင်းလင်းသော တန်ခိုးတော်များ ရောက်ရှိလာခဲ့လေသော်၊ ၎င်းတို့က ဤသည် ထင်ရှားသော ပဉ္စလက် အတတ်ပညာပင် ဖြစ်သည်ဟုဆိုခဲ့ကြကုန်၏။
وَجَحَدُوا بِهَا وَاسْتَيْقَنَتْهَا أَنْفُسُهُمْ ظُلْمًا وَعُلُوًّا ۚ فَانْظُرْ كَيْفَ كَانَ عَاقِبَةُ الْمُفْسِدِينَ (14)
ထိုမှတစ်ပါး ၎င်းတို့၏ စိတ်နှလုံးများသည် ထိုတန်ခိုးတော်များကို ယုံကြည်သော်လည်း ထိုသူတို့မှာမူကား မတရားသောအားဖြင့်လည်းကောင်း၊ မောက်မာသောအားဖြင့်လည်းကောင်း၊ ယင်းတန်ခိုးတော်များကို ငြင်းပယ်ခဲ့ကြကုန်၏။သို့ဖြစ်ပေရာ ပျက်စီးရာ ပျက်စီးကြောင်းကို ပြုလုပ်ကြကုန်သောသူတို့၏ နောက်ဆုံးအကျိုးဆက်သည် မည်သို့ဖြစ်ခဲ့သည်ကို အသင်ရှုပါလေ။
وَلَقَدْ آتَيْنَا دَاوُودَ وَسُلَيْمَانَ عِلْمًا ۖ وَقَالَا الْحَمْدُ لِلَّهِ الَّذِي فَضَّلَنَا عَلَىٰ كَثِيرٍ مِنْ عِبَادِهِ الْمُؤْمِنِينَ (15)
ထိုမှတစ်ပါး မလွဲဧကန် ငါအရှင်မြတ်သည် "ဒါဝူဒ်"အားလည်းကောင်း၊ "စုလိုင်မာန်" အားလည်း ကောင်း၊(အထူး) အသိပညာတစ်ရပ်ကို ချီးမြှင့်ပေးသနားတော်မူခဲ့၏။ ထို့ပြင် ထိုဒါဝူဒ်နှင့် စုလိုင်မာန်နှစ်ဦးတို့က "ကျွန်တော်မျိုးအား မိမိ၏ မြောက်မြားစွာသော မုအ်မင်န်သက်ဝင် ယုံကြည်ကြကုန်သော ကျွန်တို့ထက် ထွတ်မြတ်စေတော်မူခဲ့သော အလ္လာဟ်အရှင်မြတ်သည်သာလျှင် ချီးမွမ်းထောပနာအပေါင်းတို့ကို ခံယူထိုက်တော်မူသည်"ဟု လျှောက်ထားခဲ့ကြကုန်၏။
وَوَرِثَ سُلَيْمَانُ دَاوُودَ ۖ وَقَالَ يَا أَيُّهَا النَّاسُ عُلِّمْنَا مَنْطِقَ الطَّيْرِ وَأُوتِينَا مِنْ كُلِّ شَيْءٍ ۖ إِنَّ هَٰذَا لَهُوَ الْفَضْلُ الْمُبِينُ (16)
၎င်းပြင် စုလိုင်မာန်သည် ဒါဝူဒ်၏အရိုက်အရာကိုဆက်ခံခဲ့၏။ ၎င်းပြင် ထိုစုလိုင်မာန်သည် (ဤသို့)ပြောကြားခဲ့၏။ အို-လူအပေါင်းတို့၊ ငါတို့သည် ငှက်သတ္တဝါတို့၏ ဘာသာစကားကို သင်ကြားပေးခြင်း ခံခဲ့ကြရလေသည်။ ထိုမှတစ်ပါး ငါတို့သည် (စိုးမိုးအုပ်ချုပ်မှုနှင့်စပ်လျဉ်း၍ လိုအပ်သော) အရာခပ်သိမ်းတို့ကို ချီးမြှင့်ပေးသနားတော်မူခြင်း ခံခဲ့ကြရပေသည်။ ဧကန်စင်စစ် ဤသည် ထင်ရှားလှစွာသော ကျေးဇူးတော်ပင် ဖြစ်ချေသည်။
وَحُشِرَ لِسُلَيْمَانَ جُنُودُهُ مِنَ الْجِنِّ وَالْإِنْسِ وَالطَّيْرِ فَهُمْ يُوزَعُونَ (17)
ထိုမှတစ်ပါး စုလိုင်မာန်၏အဖို့ ထိုစုလိုင်မာန်၏ဗိုလ်ခြေများကို ဂျင်(န်)သတ္တဝါ တို့အနက်မှလည်းကောင်း၊ လူတို့အနက်မှလည်းကောင်း၊ ငှက်သတ္တဝါ တို့အနက်မှလည်းကောင်း၊ စုရုံးစေခြင်းကို ခံခဲ့ကြရကုန်၏။ တဖန် ထိုဗိုလ်ခြေတို့မှာ(စနစ်တကျ စီတန်းချီတက်နိုင်ကြအံ့သောငှာ) တားမြစ်ခြင်းကိုပင် ခံကြရကုန်၏။
حَتَّىٰ إِذَا أَتَوْا عَلَىٰ وَادِ النَّمْلِ قَالَتْ نَمْلَةٌ يَا أَيُّهَا النَّمْلُ ادْخُلُوا مَسَاكِنَكُمْ لَا يَحْطِمَنَّكُمْ سُلَيْمَانُ وَجُنُودُهُ وَهُمْ لَا يَشْعُرُونَ (18)
နောက်ဆုံးတွင် တစ်ရံရောအခါ ထိုဗိုလ်ခြေတို့သည် ပုရွက်ဆိတ်များရှိကြသော ချောင်းလျှိုရိုးသို့ရောက်ရှိခဲ့လေသော် ပုရွက်ဆိတ်တစ်ကောင်က အို-ပရွက်ဆိတ် အပေါင်းတို့၊စုလိုင်မာန်နှင့်တကွ ထို စုလိုင်မာန်၏ဗိုလ်ခြေတို့သည် အသင်တို့အား မသိမမြင်ကြဘဲ (မတော်တဆ) ဖိကြိတ်တက်နင်း ချေမှုန်းမပစ်မိကြရန် အသင်တို့သည် မိမိတို့၏တွင်းများထဲသို့ ဝင်ရောက်လေကုန်ဟု (ဟစ်အော်)ပြောကြားခဲ့လေ၏။
فَتَبَسَّمَ ضَاحِكًا مِنْ قَوْلِهَا وَقَالَ رَبِّ أَوْزِعْنِي أَنْ أَشْكُرَ نِعْمَتَكَ الَّتِي أَنْعَمْتَ عَلَيَّ وَعَلَىٰ وَالِدَيَّ وَأَنْ أَعْمَلَ صَالِحًا تَرْضَاهُ وَأَدْخِلْنِي بِرَحْمَتِكَ فِي عِبَادِكَ الصَّالِحِينَ (19)
ထိုအခါ စုလိုင်မာန်သည် ထိုပရွက်ဆိတ်၏စကားကြောင့် ပြုံးရယ်ခဲ့လေ၏။ ထို့ပြင်(အလ္လာဟ်အရှင်မြတ်အထံတော်တွင် ဤသို့)လျှောက်ထားပန်ကြားခဲ့လေ၏။ အိုကျွန်တော်မျိုးအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၊အရှင်မြတ်သည် ကျွန်တော်မျိုးအပေါ်၌လည်းကောင်း၊ ကျွန်တော်မျိုး၏ မိဘနှစ်ပါးတို့အပေါ်၌လည်းကောင်း၊ မိမိပြုတော်မူခဲ့သော ကျေးဇူးတော်နှင့်စပ်လျဉ်း၍ ကျွန်တော်မျိုးအား အမြဲကျေးဇူး သိတတ်စေတော်မူပါ။ ထို့ပြင် ကျွန်တော်မျိုးအား အရှင်မြတ် နှစ်သက်တော်မူသော ကောင်းမြတ်သောအကျင့်သီလများကိုလည်း အမြဲကျင့်မူ ဆောက်တည်နိုင်စွမ်း ပေးသနားတော်မူပါ။ ထိုမှတစ်ပါး အရှင်မြတ်သည် ကျွန်တော်မျိုးအား မိမိ၏ကရုဏာတော်ဖြင့် မိမိ၏သူတော်ကောင်းကျွန်တို့တွင် ဝင်ရောက်ပါဝင်စေတော်မူပါ။
وَتَفَقَّدَ الطَّيْرَ فَقَالَ مَا لِيَ لَا أَرَى الْهُدْهُدَ أَمْ كَانَ مِنَ الْغَائِبِينَ (20)
၎င်းပြင် ထိုစုလိုင်မာန်သည် ငှက်တိရစ္ဆာန်တို့ကို စစ်ဆေးခဲ့ရာ (ဤသို့)ပြောကြားခဲ့၏။ ငါသည် မည်သည့်အတွက်ကြောင့် ဘီးတောင်ပိုငှက်ကို မမြင်ရပါသနည်း။ သို့တည်းမဟုတ် ၎င်းသည် ပျောက်ကွယ်နေသလော။
لَأُعَذِّبَنَّهُ عَذَابًا شَدِيدًا أَوْ لَأَذْبَحَنَّهُ أَوْ لَيَأْتِيَنِّي بِسُلْطَانٍ مُبِينٍ (21)
ဧကန်မလွဲ ငါသည် အမှန်ပင် ၎င်းအား ပြင်းထန်စွာ ပြစ်ဒဏ်ပေးမည်။ သို့တည်းမဟုတ် မုချဧကန် ငါသည်၎င်းအား လှီးဖြတ်မည်။ သို့တည်းမဟုတ် ၎င်းသည် ငါ့ထံသို့ ထင်ရှားစွာသော သက်သေအထောက်အထားကို ဆောင်ယူလာရပေမည်။
فَمَكَثَ غَيْرَ بَعِيدٍ فَقَالَ أَحَطْتُ بِمَا لَمْ تُحِطْ بِهِ وَجِئْتُكَ مِنْ سَبَإٍ بِنَبَإٍ يَقِينٍ (22)
ထို့နောက် မကြာမီပင် ထိုဘီးတောင်ပိုငှက်သည် လာရောက်လျှောက်ထားလေ၏။ ကျွန်တော်မျိုးသည် ကိုယ်တော်မသိသောအကြောင်းကို သိခဲ့ပါသည်။ ၎င်းပြင် ကျွန်တော်မျိုးသည် ကိုယ်တော်၏ထံသို့ ရှီဗာမှ မှန်ကန်သောသတင်းတစ်ခုကို ဆောင်ကြဉ်းခဲ့ပါသည်။
إِنِّي وَجَدْتُ امْرَأَةً تَمْلِكُهُمْ وَأُوتِيَتْ مِنْ كُلِّ شَيْءٍ وَلَهَا عَرْشٌ عَظِيمٌ (23)
ဧကန်အမှန် ကျွန်တော်မျိုးသည် ထိုရှီဗာကို စိုးမိုးအုပ်ချုပ်လျက်ရှိသော မိန်းမတစ်ဦးအား တွေ့ခဲ့ပါသည်။ ၎င်းပြင် ထိုမိန်းမမှာ အရာခပ်သိမ်းတို့ ချီးမြှင့် ပေးသနားခြင်းခံရသည့်ပြင် ၎င်း၌ ကြီးကျယ်ခမ်းနားသော ပလ္လင်တစ်ခုသည်လည်း ရှိပါသည်။
وَجَدْتُهَا وَقَوْمَهَا يَسْجُدُونَ لِلشَّمْسِ مِنْ دُونِ اللَّهِ وَزَيَّنَ لَهُمُ الشَّيْطَانُ أَعْمَالَهُمْ فَصَدَّهُمْ عَنِ السَّبِيلِ فَهُمْ لَا يَهْتَدُونَ (24)
ကျွန်တော်မျိုးသည် ထိုမိန်းမအားလည်းကောင်း၊ထိုမိန်းမ၏အမျိုးသားတို့အားလည်းကောင်း၊ အလ္လာဟ်အရှင်မြတ်အားစွန့်၍ နေကိုပျပ်ဝပ်ဦးချ (ကိုးကွယ်ဆည်းကပ်) နေကြသည်ကို တွေ့ခဲ့ပါသည်။ စင်စစ် ‘ရှိုင်တွာန်’ မိစ္ဆာကောင်သည် ၎င်းတို့၏ပြုမူချက်များကို ၎င်းတို့၏အမြင်တွင် လှပတင့်တယ်အောင် ပြုလုပ်၍ထားပါသည်။ တစ်ဖန် ထိုရှိုင်တွာန် မိစ္ဆာကောင်သည် ၎င်းတို့အား(မှန်ကန်သော)တရားလမ်းမှ ပိတ်ပင်တားဆီး၍ထားခဲ့ရာ ၎င်းတို့သည် တရားလမ်းမှန်ကိုမရနိုင်ကြပါ။
أَلَّا يَسْجُدُوا لِلَّهِ الَّذِي يُخْرِجُ الْخَبْءَ فِي السَّمَاوَاتِ وَالْأَرْضِ وَيَعْلَمُ مَا تُخْفُونَ وَمَا تُعْلِنُونَ (25)
အကြင် အလ္လာဟ်အရှင်မြတ်အား ပျပ်ဝပ်ဦးချ (ဆည်းကပ်ကိုးကွယ်)ကြရန် ထိုအရှင်မြတ်သည် မိုးကောင်းကင်များ၌လည်းကောင်း၊ပထဝီမြေ၌ လည်းကောင်း၊ ဖုံးအုပ်လျက်ရှိသည်ကို အပြင်သို့ ထွက်စေတော်မူ၏။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည် အသင်တို့လျှို့ဝှက်ကြကုန်သော ကိစ္စများကိုလည်းကောင်း၊ အသင်တို့ ထင်ရှားစေကြကုန်သော ကိစ္စများကို(အလုံးစုံတို့ကို) သိရှိတော်မူ၏။
اللَّهُ لَا إِلَٰهَ إِلَّا هُوَ رَبُّ الْعَرْشِ الْعَظِيمِ ۩ (26)
အလ္လာဟ်အရှင်မြတ်သည်(အကြင်အရှင်မြတ်ပင်၊)ထိုအရှင်မြတ်မှတစ်ပါး ခဝပ်ကိုးကွယ်ရာအရှင်ဟူ၍ အလျင်းမရှိပေ။ ကြီးကျယ်လှစွာသော ‘အရ်ရှ်’ ပလ္လင်တော်ကို စိုးပိုင်တော်မူသောအရှင်မြတ်ပင် ဖြစ်ပေသတည်း။
۞ قَالَ سَنَنْظُرُ أَصَدَقْتَ أَمْ كُنْتَ مِنَ الْكَاذِبِينَ (27)
ထိုစုလိုင်မာန်က ပြောကြားခဲ့လေ၏။ အသင်သည် မှန်ကန်စွာ လျှောက်ထားခဲ့လေသလော။ သို့တည်းမဟုတ် အသင်သည် မုသာဝါဒီတို့အနက် ပါဝင်လေသလောဟု ယခုပင် ငါရှုမည်။
اذْهَبْ بِكِتَابِي هَٰذَا فَأَلْقِهْ إِلَيْهِمْ ثُمَّ تَوَلَّ عَنْهُمْ فَانْظُرْ مَاذَا يَرْجِعُونَ (28)
အသင်သည် ငါ၏စာကို ယူဆောင်၍ သွားလော့၊ထို့နောက် အသင်သည် ဤစာကို ၎င်းတို့ထံ ချ၍ပေးပြီးလျှင်၊ ၎င်းတို့၏အပါးမှ (အနည်းငယ်) ဘေးဖယ်၍နေလော့။ တစ်ဖန်အသင်သည် ၎င်းတို့ မည်သို့အကြောင်းပြန်ကြသည်ကို ရှုလော့။
قَالَتْ يَا أَيُّهَا الْمَلَأُ إِنِّي أُلْقِيَ إِلَيَّ كِتَابٌ كَرِيمٌ (29)
ထို(ရှီဗာဘုရင်မ)က (ဤသို့)ပြောကြားခဲ့လေ၏။အို-မှူးမတ်အပေါင်းတို့၊ ဧကန်စင်စစ် မြင့်မြတ်လှစွာသော စာတစ်စောင်သည် ကျွန်ုပ်၏ထံသို့ ပေးပို့ခြင်း ခံခဲ့ရလေသည်။
إِنَّهُ مِنْ سُلَيْمَانَ وَإِنَّهُ بِسْمِ اللَّهِ الرَّحْمَٰنِ الرَّحِيمِ (30)
ဧကန်စင်စစ် ထိုစာမှာ စုလိုင်မာန်ထံမှ ဖြစ်၏။ထို့ပြင် ဧကန်အမှန် ၎င်းမှာ ဤသို့ဖြစ်၏။ ကြီးမားလှသော၊ ကရုဏာရှင်ဖြစ်တော်မူသော၊ အလွန်တရာ သနားညှာတော်မူသော အလ္လာဟ်အရှင်မြတ်၏ နာမံတော်ဖြင့် အစပြု၏။
أَلَّا تَعْلُوا عَلَيَّ وَأْتُونِي مُسْلِمِينَ (31)
အသင်တို့သည် ငါနှင့်ယှဉ်ပြိုင်၍ ဘဝင်မကြွကြကုန်လင့်။ ထိုမှတစ်ပါး အသင်တို့သည် ငါ့ထံသို့ "မွတ်စ်လင်မ်"အမိန့်နာခံသူများအဖြစ် လာရောက်ကြလေကုန်။
قَالَتْ يَا أَيُّهَا الْمَلَأُ أَفْتُونِي فِي أَمْرِي مَا كُنْتُ قَاطِعَةً أَمْرًا حَتَّىٰ تَشْهَدُونِ (32)
ထို(ရှီဗာဘုရင်မ)က အို-မှူးမတ်အပေါင်းတို့။အသင်တို့သည် ကျွန်မ၏အရေးနှင့်စပ်လျဉ်း၍ ကျွန်မအား အကြံဉာဏ်ပေးကြလေကုန်။ အသင်တို့သည် ကျွန်မ၏အပါး၌ မရှိသမျှကာလပတ်လုံး ကျွန်မသည် မည်သည့်ကိစ္စကိုမျှပင် စီရင်ဆုံးဖြတ်လေ့မရှိပါဟု ပြောကြားခဲ့လေ၏။
قَالُوا نَحْنُ أُولُو قُوَّةٍ وَأُولُو بَأْسٍ شَدِيدٍ وَالْأَمْرُ إِلَيْكِ فَانْظُرِي مَاذَا تَأْمُرِينَ (33)
ထိုမှူးမတ်တို့က ကျွန်ုပ်တို့သည် ခွန်အားရှိသူများ၊ တိုက်ခိုက်မှုကို ပြင်းထန်စွာ ဝါသနာထုံသူများ ဖြစ်ကြပါသည်။သို့ရာတွင် အမိန့်အာဏာသည်ကား အသင် ဘုရင်မ၏လက်တွင်း၌သာရှိပေရာ အသင်ဘုရင်မသည် မည်သို့အမိန့်ပေးမည်ကို (ဆင်ခြင်)ပါလော့ဟု လျှောက်ထားခဲ့ကြကုန်၏။
قَالَتْ إِنَّ الْمُلُوكَ إِذَا دَخَلُوا قَرْيَةً أَفْسَدُوهَا وَجَعَلُوا أَعِزَّةَ أَهْلِهَا أَذِلَّةً ۖ وَكَذَٰلِكَ يَفْعَلُونَ (34)
ထို(ရှီဗာဘုရင်မ)က ပြောကြားခဲ့လေ၏။ ဧကန်မလွဲ ဘုရင်မင်းတို့ မည်သည် မြို့ရွာတစ်ခုသို့ ဝင်ရောက်ကြလေသောအခါ ထိုမြို့ရွာကို ဖျက်ဆီးလေ့ရှိကြကုန်၏။ ထို့ပြင် ၎င်းတို့သည် ယင်းမြို့ရွာမှ ဂုဏ်အသရေရှိသူတို့အား ဂုဏ်အသရေသေးသိမ်သူများ ဖြစ်စေကြကုန်၏။ ၎င်းတို့သည်လည်း ဤအတိုင်းပင် ပြုမူကြပေမည်။
وَإِنِّي مُرْسِلَةٌ إِلَيْهِمْ بِهَدِيَّةٍ فَنَاظِرَةٌ بِمَ يَرْجِعُ الْمُرْسَلُونَ (35)
သို့ရာတွင် ကျွန်မမူကား ၎င်းတို့ထံ လက်ဆောင်ပဏ္ဏာတစ်စုံတစ်ခုကို ပေးပို့ပြီးနောက် စေတမန်တို့သည် မည်သို့သော ပြန်ကြားချက် ယူဆောင်လာကြသည်ကို (စောင့်၍)ကြည့်မည်။
فَلَمَّا جَاءَ سُلَيْمَانَ قَالَ أَتُمِدُّونَنِ بِمَالٍ فَمَا آتَانِيَ اللَّهُ خَيْرٌ مِمَّا آتَاكُمْ بَلْ أَنْتُمْ بِهَدِيَّتِكُمْ تَفْرَحُونَ (36)
ထို့နောက် ထို(သံတမန်တို့)သည် စုလိုင်မာန်၏ထံသို့ ရောက်ရှိခဲ့လေသော် ထိုစုလိုင်မာန်က(ဤသို့)ပြောကြားခဲ့၏။အသင်တို့သည် ငါ့အား ပစ္စည်းဥစ္စာဖြင့် ကူညီလိုကြလေသလော။စင်စစ် ငါ့အား အလ္လာဟ်အရှင်မြတ် ချီးမြှင့်ပေးသနားထားတော်မူသည်များမှာ ထိုအရှင်မြတ်က အသင်တို့အား ချီးမြှင့်ပေးသနား ထားတော်မူသည်တို့ထက်ပင် ပိုမို၍ ကောင်းမြတ်လှပေသည်။ စင်စစ်မှာကား အသင်တို့သည်ပင်လျှင် မိမိတို့၏လက်ဆောင်ပဏ္ဏာနှင့် မော်ကြွားလျက် ရှိကြပေမည်။
ارْجِعْ إِلَيْهِمْ فَلَنَأْتِيَنَّهُمْ بِجُنُودٍ لَا قِبَلَ لَهُمْ بِهَا وَلَنُخْرِجَنَّهُمْ مِنْهَا أَذِلَّةً وَهُمْ صَاغِرُونَ (37)
အသင်သည် ၎င်းတို့ထံ ပြန်သွားလော့။ ထို့နောက် ဧကန်အမှန် ငါတို့သည် ၎င်းတို့ထံ ၎င်းတို့ ယှဉ်ပြိုင်နိုင်စွမ်းမရှိသော ရဲမက်များနှင့်တကွ ချီတက်ရောက်ရှိ၍ လာကြမည်။ထိုမှတစ်ပါး ဧကန်မလွဲ ငါတို့သည် ၎င်းတို့အား ထို(မြို့ရွာ)မှ ဂုဏ်ရည်သေးသိမ်သူများအဖြစ်နှင့် နှင်ထုတ်ကြမည်။ ထို(အခါ)၎င်းတို့သည် အရှက်ကွဲအကျိုးနည်းသူများ ဖြစ်သွားကြပေမည်။
قَالَ يَا أَيُّهَا الْمَلَأُ أَيُّكُمْ يَأْتِينِي بِعَرْشِهَا قَبْلَ أَنْ يَأْتُونِي مُسْلِمِينَ (38)
ထိုစုလိုင်မာန်က "အို-မှူးမတ်အပေါင်းတို့။ ၎င်းတို့သည် ငါ့ထံသို့ "မွတ်စ်လင်မ်" အမိန့်ကို နာခံသူများအဖြစ် မရောက်လာကြမီ၊ အသင်တို့အနက် မည်သူသည် ထိုဘုရင်မ၏ရာဇပလ္လင်ကို ငါ့ထံသို့ ယူလာနိုင်သနည်း" ဟု ပြောဆိုမေးမြန်းခဲ့၏။
قَالَ عِفْرِيتٌ مِنَ الْجِنِّ أَنَا آتِيكَ بِهِ قَبْلَ أَنْ تَقُومَ مِنْ مَقَامِكَ ۖ وَإِنِّي عَلَيْهِ لَقَوِيٌّ أَمِينٌ (39)
ဂျင်(န်)သတ္တဝါတို့အနက်မှ အလွန်ခွန်အားဗလကြီးသော ဂျင်(န်)တစ်ဦးက ကိုယ်တော်သည် မိမိနေရာမှမထမီ ကျွန်တော်မျိုးသည် ထိုရာဇပလ္လင်ကို ကိုယ်တော်ထံသို့ဆောင်ကြဉ်းခဲ့ပါမည်။ အမှန်သော်ကား ကျွန်တော်မျိုးသည် ဧကန်မလွဲ ဤကိစ္စနှင့်စပ်လျဉ်း၍ ပြုစွမ်းနိုင်သူ၊ ယုံကြည်စိတ်ချရသူတစ်ဦးပင် ဖြစ်ပါသည်ဟု လျှောက်ထားခဲ့လေ၏။
قَالَ الَّذِي عِنْدَهُ عِلْمٌ مِنَ الْكِتَابِ أَنَا آتِيكَ بِهِ قَبْلَ أَنْ يَرْتَدَّ إِلَيْكَ طَرْفُكَ ۚ فَلَمَّا رَآهُ مُسْتَقِرًّا عِنْدَهُ قَالَ هَٰذَا مِنْ فَضْلِ رَبِّي لِيَبْلُوَنِي أَأَشْكُرُ أَمْ أَكْفُرُ ۖ وَمَنْ شَكَرَ فَإِنَّمَا يَشْكُرُ لِنَفْسِهِ ۖ وَمَنْ كَفَرَ فَإِنَّ رَبِّي غَنِيٌّ كَرِيمٌ (40)
ကျမ်းဂန်၏ အသိပညာရှိသူတစ်ဦးက ကျွန်တော်မျိုးသည် ထိုရာဇပလ္လင်ကို ကိုယ်တော်၏မျက်စိ တစ်မှိတ်အတွင်း၊ ကိုယ်တော်ထံသို့ ဆောင်ကြဉ်းခဲ့ပါမည်ဟု လျှောက်ထားခဲ့လေ၏။ ထို့နောက် ထိုစုလိုင်မာန်သည် ထိုရာဇပလ္လင်ကို မိမိအနီးတွင် တည်ရှိနေသည်ကို တွေ့မြင်ခဲ့သောအခါ (ဤသို့)ပြောကြားခဲ့လေ၏။ ဤသည် ငါ့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ ကျေးဇူးတော်တစ်ရပ်ပင်၊ ငါသည် ကျေးဇူးတင်လေသလော။ သို့တည်းမဟုတ် ငါသည် ကျေးဇူးကန်းလေသလောဟု ထိုအရှင်မြတ်သည် ငါ့အား စမ်းသပ်တော်မူခြင်းငှာ ဖြစ်ပေသည်။ စင်စစ်သော်ကား မည်သူမဆို ကျေးဇူးတင်ခဲ့လျှင် မိမိအကျိုးငှာ ကျေးဇူးတင်ခဲ့ခြင်းသာ ဖြစ်ပေမည်။ သို့ရာတွင် မည်သူမဆို ကျေးဇူးကန်းခဲ့လျှင် ဧကန်မလွဲ ငါ့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် လိုလားတောင့်တခြင်း ကင်းမဲ့တော်မူသော၊ အလွန်တရာ ရက်ရောတော်မူသော အရှင်မြတ်ပင် ဖြစ်ပေသတည်း။
قَالَ نَكِّرُوا لَهَا عَرْشَهَا نَنْظُرْ أَتَهْتَدِي أَمْ تَكُونُ مِنَ الَّذِينَ لَا يَهْتَدُونَ (41)
ထိုစုလိုင်မာန်က သင်တို့သည် ထိုဘုရင်မ၏ရာဇပလ္လင်ကို အသွင်ပြောင်းကြလေကုန်။ ထိုဘုရင်မသည် မှန်ကန်စွာ သိလေသလော။ သို့တည်းမဟုတ် မှန်ကန်စွာ မသိသူတို့အနက်မှ ဖြစ်လေသလောဟု ကျွန်ုပ်တို့သည် ကြည့်ရှုကြပေမည်ဟူ၍ ပြောကြားခဲ့ လေ၏။
فَلَمَّا جَاءَتْ قِيلَ أَهَٰكَذَا عَرْشُكِ ۖ قَالَتْ كَأَنَّهُ هُوَ ۚ وَأُوتِينَا الْعِلْمَ مِنْ قَبْلِهَا وَكُنَّا مُسْلِمِينَ (42)
ထို့နောက် ထိုဘုရင်မသည် ရောက်ရှိ၍လာသောအခါ တစ်စုံတစ်ယောက်က အသင်၏ ရာဇပလ္လင်သည် ဤအတိုင်းပင် ဖြစ်ပါသလောဟု မေးရာ၊ ထိုဘုရင်မက "ဤရာဇပလ္လင်မှာ ထိုရာဇပလ္လင်ပင် ဖြစ်ဟန်တူပါသည်။ စင်စစ် ကျွန်ုပ်တို့သည် ဤသည့် အလျင်ကပင် အသိပညာကို ချီးမြှင့်ပေးသနားတော်မူခြင်းကို ခံခဲ့ကြရပြီ။ ၎င်းပြင် ကျွန်ုပ်တို့သည် "မွတ်စ်လင်မ်" အမိန့်ကိုနာခံသူများပင် ဖြစ်ခဲ့ပေပြီ" ဟု ပြောဆိုဖြေကြားခဲ့လေ၏။
وَصَدَّهَا مَا كَانَتْ تَعْبُدُ مِنْ دُونِ اللَّهِ ۖ إِنَّهَا كَانَتْ مِنْ قَوْمٍ كَافِرِينَ (43)
စင်စစ်သော်ကား ထိုဘုရင်မအား အလ္လာဟ်အရှင်မြတ်ကိုစွန့်၍ ၎င်းကိုးကွယ်လျက်ရှိခဲ့သောအရာများက သူမအား (အီမာန်သက်ဝင်ယုံကြည်ခြင်းမှ) တားဆီးထားခဲ့ခြင်း ဖြစ်ပေသည်။ (တနည်း) [၎င်းပြင် အလ္လာဟ်အရှင်မြတ်က သို့မဟုတ် ထိုအရှင်မြတ်၏ အမိန့်တော်အရ တမန်တော်စုလိုင်မာန်က ထိုဘုရင်မအား အလ္လာဟ်အရှင်မြတ်အား မကိုးကွယ်ဘဲနှင့် ၎င်းဆည်းကပ်ကိုးကွယ်နေခဲ့သော အရာများမှ တားဆီးလိုက်လေသည်။]ဧကန်စင်စစ် ထိုဘုရင်မသည် "ကာဖိရ်"သွေဖည်ငြင်းပယ်ကြသော အမျိုးသားတို့အနက်မှပင် ဖြစ်ခဲ့ပေသည်။
قِيلَ لَهَا ادْخُلِي الصَّرْحَ ۖ فَلَمَّا رَأَتْهُ حَسِبَتْهُ لُجَّةً وَكَشَفَتْ عَنْ سَاقَيْهَا ۚ قَالَ إِنَّهُ صَرْحٌ مُمَرَّدٌ مِنْ قَوَارِيرَ ۗ قَالَتْ رَبِّ إِنِّي ظَلَمْتُ نَفْسِي وَأَسْلَمْتُ مَعَ سُلَيْمَانَ لِلَّهِ رَبِّ الْعَالَمِينَ (44)
(ထို့နောက်) ထိုဘုရင်မအား အသင်သည် ဧည့်ခန်းတွင်းသို့ ဝင်ရောက်ပါလေဟု တစ်စုံတစ်ယောက်က ပြောကြားခဲ့လေ၏။ သို့ဖြစ်ပေရာ ထိုဘုရင်မသည် ယင်းဧည့်ခန်းကိုမြင်လေသော်၊ ထိုဧည့်ခန်းကို နက်စွာသောရေဟုထင်မှတ်၍ မိမိခြေသလုံးနှစ်ဘက်ကို ဖော်ခဲ့လေ၏။ (ထိုအခါ)ထိုစုလိုင်မာန်က ဧကန်စင်စစ် ဤသည် ဖန်များဖြင့် ချောမွတ်အောင် ပြုလုပ်ထားသော ဧည့်ခန်းပင်ဖြစ်သည်ဟု ပြောကြားခဲ့လေ၏။ ထိုဘုရင်မက အို-ကျွန်တော်မျိုးအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ ဧကန်မလွဲ ကျွန်တော်မျိုးမသည် မိမိကိုယ်ကို မိမိနှိပ်စက်မိခဲ့ပါပြီ။ သို့ရာတွင် (ယခုသော်ကား) ကျွန်တော်မျိုးမသည် စုလိုင်မာန်နှင့်အတူ(အရှင်မြတ်၏)အမိန့်တော်ကို လိုက်နာပါပြီဟု လျှောက်ထားခဲ့လေသတည်း။
وَلَقَدْ أَرْسَلْنَا إِلَىٰ ثَمُودَ أَخَاهُمْ صَالِحًا أَنِ اعْبُدُوا اللَّهَ فَإِذَا هُمْ فَرِيقَانِ يَخْتَصِمُونَ (45)
ထိုမှတစ်ပါး ဧကန်မလွဲ ငါအရှင်မြတ်သည် "ဆမူဒ်"အမျိုးသားတို့ထံ ၎င်းတို့၏နောင်တော်"ဆွာလိဟ်"အား အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ဆည်းကပ်ကိုးကွယ်ကြရမည်(ဟူသောအမိန့်တော်နှင့်တကွ) စေလွှတ်တော်မူခဲ့၏။
قَالَ يَا قَوْمِ لِمَ تَسْتَعْجِلُونَ بِالسَّيِّئَةِ قَبْلَ الْحَسَنَةِ ۖ لَوْلَا تَسْتَغْفِرُونَ اللَّهَ لَعَلَّكُمْ تُرْحَمُونَ (46)
ထို"ဆွာလိဟ်"က အို-ငါ၏အမျိုးသားတို့၊ အသင်တို့သည် အဘယ်ကြောင့် ကရုဏာတော်၏အလျင် အပြစ်ဒဏ်ကို အလျင်လိုကြသနည်း။ အသင်တို့သည် ကရုဏာပြုတော်မူခြင်းခံကြရအံ့သောငှာ အဘယ်ကြောင့် အလ္လာဟ်အရှင်မြတ် အထံတော်၌ ချမ်းသာခွင့်ကို တောင်းခံခြင်း မပြုကြသနည်းဟု ပြောကြားခဲ့လေ၏။
قَالُوا اطَّيَّرْنَا بِكَ وَبِمَنْ مَعَكَ ۚ قَالَ طَائِرُكُمْ عِنْدَ اللَّهِ ۖ بَلْ أَنْتُمْ قَوْمٌ تُفْتَنُونَ (47)
ထိုအမျိုးသားတို့က ကျွန်ုပ်တို့သည် အသင့်အားဖြင့်လည်းကောင်း၊ အသင်၏အပေါင်းပါတို့ အားဖြင့်လည်းကောင်း၊ နိမိတ်ဆိုးကောက်ကြသည်ဟု ပြောဆိုခဲ့ကြကုန်၏။(ထိုအခါ)ထို"ဆွာလိဟ်"က အသင်တို့၏ နိမိတ်ဆိုး(၏အကြောင်းအကြောင်းရင်း)မှာ အလ္လာဟ်အရှင်မြတ် အထံတော်၌ပင်ရှိပေသည်။ ထိုသို့ အလျှင်းမဟုတ်။ စင်စစ်မှာကား အသင်တို့သည် စမ်းသပ်ခြင်းကို ခံကြရမည်ဖြစ်သော အမျိုးသားများပင် ဖြစ်ကြ၏သည်ဟု ပြောကြားခဲ့ပေသတည်း။
وَكَانَ فِي الْمَدِينَةِ تِسْعَةُ رَهْطٍ يُفْسِدُونَ فِي الْأَرْضِ وَلَا يُصْلِحُونَ (48)
ထို့ပြင် မြို့တွင်း၌ ယောက်ျားကိုးယောက် ရှိခဲ့ကြရာ၊ ၎င်းတို့သည် တိုင်းပြည်ကို (စည်ကားသာယာအောင်) ပြုပြင်ကြခြင်းမရှိဘဲ၊ ဖျက်ဆီးမှုကိုသာ ပြုလုပ်လျက်ရှိ ကြကုန်၏။
قَالُوا تَقَاسَمُوا بِاللَّهِ لَنُبَيِّتَنَّهُ وَأَهْلَهُ ثُمَّ لَنَقُولَنَّ لِوَلِيِّهِ مَا شَهِدْنَا مَهْلِكَ أَهْلِهِ وَإِنَّا لَصَادِقُونَ (49)
၎င်းတို့က ပြောဆို(တိုင်ပင်)ခဲ့ကြကုန်၏။ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား တိုင်တည်၍ ထိုဆွာလိဟ်အားလည်းကောင်း၊ ထိုဆွာလိဟ်နှင့် ပတ်သက်သော သူတို့အားလည်းကောင်း၊ ညဉ့်အချိန်၌ သွားရောက်သတ်ဖြတ်ရန် ကျိန်ဆိုခဲ့ကြလေသည်။ ပြီးနောက် ထိုဆွာလိဟ်၏ အမွေစားအမွေခံတို့အား ၎င်းနှင့်ပက်သက်သောသူများ အသတ်ခံကြရသောအချိန်တွင် ကျွန်ုပ်တို့ တွေ့မြင်ခဲ့ကြသည် မဟုတ်ပေ။ ထို့ပြင် ဧကန်မလွဲ ကျွန်ုပ်တို့သည် သစ္စာဝါဒီများပင် ဖြစ်ကြသည်ဟု ပြောဆိုကြမည့်အကြောင်း အချင်းချင်း ပြောဆိုခဲ့ကြလေသည်။
وَمَكَرُوا مَكْرًا وَمَكَرْنَا مَكْرًا وَهُمْ لَا يَشْعُرُونَ (50)
စင်စစ် ၎င်းတို့သည် အကြံအစည်တစ်ခုကို လျှို့ဝှက်ကြံစည်ခဲ့ကြကုန်၏။ ထိုနည်းတူစွာ ငါအရှင်မြတ်သည်လည်း အကြံအစည်တစ်ခုကို ကြံစည်တော်မူခဲ့၏။ စင်စစ်၎င်းတို့သည် (ဤသည်ကို) မသိကြပေ။
فَانْظُرْ كَيْفَ كَانَ عَاقِبَةُ مَكْرِهِمْ أَنَّا دَمَّرْنَاهُمْ وَقَوْمَهُمْ أَجْمَعِينَ (51)
သို့ဖြစ်ပေရာ (အို-နဗီတမန်တော်၊)အသင်သည် ၎င်းတို့၏အကြံအစည်၏ နောက်ဆုံးအကျိုးသည် မည်သို့မည်ပုံဖြစ်ခဲ့သည်ကို ရှုပါလေ။ ဧကန်မုချ ငါအရှင်မြတ်သည် ထိုသူတို့အားလည်းကောင်း၊ ထိုသူတို့၏အမျိုးသားတို့အားလည်းကောင်း၊ အားလုံးကိုပင် ဖျက်ဆီးတော်မူခဲ့ပေသည်။
فَتِلْكَ بُيُوتُهُمْ خَاوِيَةً بِمَا ظَلَمُوا ۗ إِنَّ فِي ذَٰلِكَ لَآيَةً لِقَوْمٍ يَعْلَمُونَ (52)
ဤသည် ၎င်းတို့၏သွေဖည်မှုကြောင့် ပျက်စီးလျက်ရှိကြသော ၎င်းတို့၏နေအိမ်များတည်း။ ဧကန်မလွဲ ဤသည့်(ဖြစ်ရပ်)၌ သိနားလည်ကြကုန်သောသူတို့အဖို့ (ကြီးကျယ်စွာသော) သက်သေလက္ခဏာသည် ရှိပေသည်။
وَأَنْجَيْنَا الَّذِينَ آمَنُوا وَكَانُوا يَتَّقُونَ (53)
ထိုမှတစ်ပါး ငါအရှင်မြတ်သည် "အီမာန်"သက်ဝင်ယုံကြည်ပြီး (ပြစ်မှုဒုစရိုက်များမှ) ကြဉ်ရှောင် ကြကုန်သောသူတို့အား ကယ်ဆယ်တော်မူခဲ့ပေသတည်း။
وَلُوطًا إِذْ قَالَ لِقَوْمِهِ أَتَأْتُونَ الْفَاحِشَةَ وَأَنْتُمْ تُبْصِرُونَ (54)
ထိုမှတစ်ပါး ငါအရှင်မြတ်သည် လူ(တ်)အား(လည်း နဗီတမန်တော်အဖြစ် စေလွှတ်တော်မူခဲ့၏၊) အကြင်အခါဝယ် ထိုလူ(တ်)က မိမိအမျိုးသားတို့အား ပြောကြားခဲ့လေ၏။ အသင်တို့သည် သိမြင်ကြလျက် စက်ဆုပ်ဖွယ်ရာအမှုကို ကျူးလွန်ကြလေသလော။
أَئِنَّكُمْ لَتَأْتُونَ الرِّجَالَ شَهْوَةً مِنْ دُونِ النِّسَاءِ ۚ بَلْ أَنْتُمْ قَوْمٌ تَجْهَلُونَ (55)
အသင်တို့သည် မိန်းမတို့အားစွန့်၍ ယောက်ျားများထံ ကာမဂုဏ်ခံစားရန် လာကြလေသလော။ စင်စစ်မှာကား အသင်တို့သည် မိုက်မဲသောအမျိုးသားများပင် ဖြစ်ကြကုန်၏ဟု ပြောကြားခဲ့လေသည်။
۞ فَمَا كَانَ جَوَابَ قَوْمِهِ إِلَّا أَنْ قَالُوا أَخْرِجُوا آلَ لُوطٍ مِنْ قَرْيَتِكُمْ ۖ إِنَّهُمْ أُنَاسٌ يَتَطَهَّرُونَ (56)
ထိုအခါ ထိုလူ(တ်)၏ အမျိုးသားတို့က မိမိတို့အချင်းချင်း အသင်တို့သည် လူ(တ်)နှင့်ပက်သက်သော သူတို့အား မိမိတို့မြို့ရွာမှ နှင်ထုတ်ကြလေကုန်။ ဧကန် မလွဲ ၎င်းတို့သည် သန့်ရှင်းဟန်ဆောင်သူများပင် ဖြစ်ကြသည်ဟု ပြောဆိုခဲ့ကြသည်မှတစ်ပါး၊ ၎င်းတို့၌ အခြားအဖြေမရှိခဲ့ပေ။
فَأَنْجَيْنَاهُ وَأَهْلَهُ إِلَّا امْرَأَتَهُ قَدَّرْنَاهَا مِنَ الْغَابِرِينَ (57)
သို့ဖြစ်ပေရာ ငါအရှင်မြတ်သည် ထိုလူ(တ်)အားလည်းကောင်း၊ ထိုလူ(တ်)နှင့်ပက်သက်သော သူတို့အားလည်းကောင်း၊ ကယ်ဆယ်တော်မူခဲ့၏။ သို့ရာတွင် ထိုလူ(တ်)၏ဇနီးမှာမူ ငါအရှင်မြတ်သည် ၎င်းအား ကျန်ရစ်သူတို့တွင် သတ်မှတ်တော်မူခဲ့၏။
وَأَمْطَرْنَا عَلَيْهِمْ مَطَرًا ۖ فَسَاءَ مَطَرُ الْمُنْذَرِينَ (58)
၎င်းပြင် ငါအရှင်မြတ်သည် ၎င်းတို့အပေါ်၌ မိုးတစ်မျိုးကို ရွာသွန်းစေတော်မူခဲ့၏။ စင်စစ် သတိပေးနှိုးဆော်ခြင်း ခံခဲ့ကြရသောသူတို့၏ မိုးမှာ အလွန်ဆိုးရွားခဲ့ပေသတည်း။
قُلِ الْحَمْدُ لِلَّهِ وَسَلَامٌ عَلَىٰ عِبَادِهِ الَّذِينَ اصْطَفَىٰ ۗ آللَّهُ خَيْرٌ أَمَّا يُشْرِكُونَ (59)
(အို-နဗီတမန်တော်) အသင်သည် ပြောကြားပါလေ။ ချီးမွမ်းထောပနာအပေါင်းတို့သည် အလ္လာဟ်အရှင်မြတ်နှင့်သာထိုက်၏။ ၎င်းပြင် ငြိမ်းချမ်းသာယာမှုသည် ထိုအရှင်မြတ် ရွေးချယ်တော်မူခဲ့သော ကျွန်များအပေါ်၌ ရောက်ပါစေသား။ အလ္လာဟ်အရှင်မြတ်သည် သာ၍ မြင့်မြတ်တော်မူပါသလော၊ သို့တည်းမဟုတ် ၎င်းတို့(အလ္လာဟ်အရှင်မြတ်နှင့်) တွဲဖက်နှိုင်းယှဉ် ကိုးကွယ်ကြသောအရာများသည်(သာ၍မြင့်မြတ်ကြ လေသလော။)
أَمَّنْ خَلَقَ السَّمَاوَاتِ وَالْأَرْضَ وَأَنْزَلَ لَكُمْ مِنَ السَّمَاءِ مَاءً فَأَنْبَتْنَا بِهِ حَدَائِقَ ذَاتَ بَهْجَةٍ مَا كَانَ لَكُمْ أَنْ تُنْبِتُوا شَجَرَهَا ۗ أَإِلَٰهٌ مَعَ اللَّهِ ۚ بَلْ هُمْ قَوْمٌ يَعْدِلُونَ (60)
(ဤရုပ်တုများ မြင့်မြတ်သလော)။ သို့တည်းမဟုတ် အကြင်အရှင်မြတ်ပင် (မြင့်မြတ်တော်မူပါသလော)။ ထိုအရှင်မြတ်သည် မိုးကောင်းကင်များကိုလည်းကောင်း၊ ပထဝီမြေကိုလည်းကောင်း ဖန်ဆင်းတော်ခဲ့၏။ ထိုမှတပါး ထိုအရှင်မြတ်သည် အသင်တို့အကျိုးငှာ မိုးကောင်းကင်မှ (မိုး)ရေကိုချပေးသနားတော်မူခဲ့၏။တစ်ဖန် ငါအရှင်မြတ်သည် ထိုရေဖြင့် စိုပြည်သာယာသော ခြံဥယျာဉ်များကို ပေါက်ရောက်စေတော်မူခဲ့၏။ အသင်တို့၌မူကား ထိုခြံဥယျာဉ်များ၏ သစ်ပင်များကို ပေါက်ရောက်စေနိုင်စွမ်း မရှိပြီ။ အလ္လာဟ်အရှင်မြတ်နှင့်အတူ (အခြား) ဆည်းကပ်ကိုးကွယ်ရာ ဟူ၍ ရှိပါသေးသလော။ ထိုသို့ အလျှင်းမဟုတ်။စင်စစ်မှာကား (၎င်းတို့သည် အမှန်တရားမှ သွေဖည်သူများပင်ဖြစ်ကြကုန်သတည်း။) [(တစ်နည်း) ၎င်းတို့ သည်(အခြားအရာများကို အလ္လာဟ်အရှင်မြတ်နှင့်) ဂုဏ်ရည်တူပြုလုပ်သူများပင် ဖြစ်ကြကုန်သတည်း၊
أَمَّنْ جَعَلَ الْأَرْضَ قَرَارًا وَجَعَلَ خِلَالَهَا أَنْهَارًا وَجَعَلَ لَهَا رَوَاسِيَ وَجَعَلَ بَيْنَ الْبَحْرَيْنِ حَاجِزًا ۗ أَإِلَٰهٌ مَعَ اللَّهِ ۚ بَلْ أَكْثَرُهُمْ لَا يَعْلَمُونَ (61)
(ဤရုပ်တုများ မြင့်မြတ်သလော)။ သို့တည်းမဟုတ် အကြင်အရှင်မြတ်ပင်(မြင့်မြတ်တော်မူပါသလော)။ ထိုအရှင်မြတ်သည် ပထဝီမြေကို မှီတင်းနေထိုင်ရာ ပြုလုပ်တော်မူခဲ့၏။ ၎င်းပြင် ထိုအရှင်မြတ်သည် ယင်းပထဝီမြေ၏အကြား၌ ရေချောင်းများကို ဖန်ဆင်းတော်မူခဲ့၏။၎င်းပြင် ထိုအရှင်မြတ်သည် ထိုပထဝီမြေ(တည်ငြိမ်စေရန်)အလို့ငှာ တောင်များက(ကျောက်ဆူးများအဖြစ်) ဖန်ဆင်းတော်မူခဲ့၏။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည် မြစ်နှစ်ခု၏ အကြားဝယ် အတားအဆီးကို ပြုလုပ်တော်မူခဲ့၏။ အလ္လာဟ်အရှင်မြတ်နှင့်အတူ(အခြား)ဆည်းကပ် ကိုးကွယ်ရာဟူ၍ ရှိပါသေးသလော။ ထိုသို့ အလျှင်း မဟုတ်။ စင်စစ်မှာကား ၎င်းတို့အနက် မြောက်မြားစွာသောသူတို့သည် မသိနားမလည်ကြပေ။
أَمَّنْ يُجِيبُ الْمُضْطَرَّ إِذَا دَعَاهُ وَيَكْشِفُ السُّوءَ وَيَجْعَلُكُمْ خُلَفَاءَ الْأَرْضِ ۗ أَإِلَٰهٌ مَعَ اللَّهِ ۚ قَلِيلًا مَا تَذَكَّرُونَ (62)
(ဤရုပ်တုများ မြင့်မြတ်သလော)။ သို့တည်းမဟုတ် အကြင်အရှင်မြတ်ပင်(မြင့်မြတ်တော်မူပါသလော။) ထိုအရှင်မြတ်သည် မိမိအား မလွှဲမရှောင်သာသောသူ (ဒုက္ခသည်)က ဟစ်ခေါ်(တမ်းတ)လေသောအခါ ၎င်းအားပြန်၍ ထူးတော်မူ၏။ ၎င်းပြင် ထိုအရှင်မြတ်သည် ဘေးဒုက္ခကိုလည်း ဖယ်ရှားတော်မူ၏။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည် ကမ္ဘာမြေ၌ အသင်တို့အား ကိုယ်စားလှယ်များ ပြုလုပ်တော်မူ၏။ အလ္လာဟ်အရှင်မြတ်နှင့်အတူ (အခြား)ဆည်းကပ်ကိုးကွယ်ရာဟူ၍ ရှိပါသေးသလော။ အသင်တို့သည် အနည်းငယ်မျှသာလျှင် စဉ်းစားကြကုန်သတည်း။
أَمَّنْ يَهْدِيكُمْ فِي ظُلُمَاتِ الْبَرِّ وَالْبَحْرِ وَمَنْ يُرْسِلُ الرِّيَاحَ بُشْرًا بَيْنَ يَدَيْ رَحْمَتِهِ ۗ أَإِلَٰهٌ مَعَ اللَّهِ ۚ تَعَالَى اللَّهُ عَمَّا يُشْرِكُونَ (63)
(ဤရုပ်တုများ မြင့်မြတ်သလော)။ သို့တည်းမဟုတ် အကြင်အရှင်မြတ်ပင်(မြင့်မြတ်တော်မူပါသလော။) ထိုအရှင်မြတ်သည် အသင်တို့အား ကုန်းမြေနှင့်သမုဒ္ဒရာပင်လယ်၏ အမှောင်ထုများ၌ လမ်းညွှန်တော်မူ၏။ ထိုမှတပါး အကြင်အရှင်မြတ်သည် မိမိကရုဏာတည်းဟူသော မိုးမရွာမီ လေများကို ရှေ့ပြေး သတင်းကောင်းအဖြစ် စေလွှတ်တော်မူ၏။ အလ္လာဟ်အရှင်မြတ်နှင့်အတူ(အခြား)ဆည်းကပ်ကိုးကွယ်ရာဟူ၍ ရှိပါသေးသလော။ အလ္လာဟ်အရှင်မြတ်သည်ကား ၎င်းတို့ နှိုင်းယှဉ်ကိုးကွယ်ကြသည်များထက် (အတိုင်းမရှိ) မြင့်မြတ်တော်မူဘိသတည်း။
أَمَّنْ يَبْدَأُ الْخَلْقَ ثُمَّ يُعِيدُهُ وَمَنْ يَرْزُقُكُمْ مِنَ السَّمَاءِ وَالْأَرْضِ ۗ أَإِلَٰهٌ مَعَ اللَّهِ ۚ قُلْ هَاتُوا بُرْهَانَكُمْ إِنْ كُنْتُمْ صَادِقِينَ (64)
(ဤရုပ်တုများမြင့်မြတ်သလော၊) သို့တည်းမဟုတ် အကြင်အရှင်မြတ်ပင်(မြင့်မြတ်တော်မူပါသလော၊) ထိုအရှင်မြတ်သည် အဖန်ဆင်းခံတို့ကို (ပထမအကြိမ်)စတင်ဖန်ဆင်းတော်မူ၏။ ထို့နောက် ထိုအရှင်မြတ်သည်ပင် ထိုအဖန်ဆင်းခံတို့ကို တစ်ဖန်ထပ်မံ၍ ဖန်ဆင်းတော်မူပေသည်။ ထို့ပြင် အကြင်အရှင်မြတ်သည် အသင်တို့အား မိုးကောင်းကင်မှလည်းကောင်း၊ ပထဝီမြေမှလည်းကောင်း၊ စားနပ်ရိက္ခာ ချီးမြှင့်ပေးသနားတော်မူ၏။ အလ္လာဟ်အရှင်မြတ် နှင့်အတူ (အခြား)ဆည်း ကပ်ကိုးကွယ်ရာဟူ၍ ရှိပါသေးသလော။ (အို-နဗီတမန်တော်၊) အသင်သည် ပြောကြားပါလေ။ (အချင်းတို့၊)အကယ်၍ အသင်တို့သည် သစ္စာဝါဒီများဖြစ်ကြလျှင် (ဤသည်နှင့်စပ်လျဉ်း၍) မိမိတို့၏ သက်သေသာဓကကို ယူဆောင်လာခဲ့ကြလေကုန်။
قُلْ لَا يَعْلَمُ مَنْ فِي السَّمَاوَاتِ وَالْأَرْضِ الْغَيْبَ إِلَّا اللَّهُ ۚ وَمَا يَشْعُرُونَ أَيَّانَ يُبْعَثُونَ (65)
အသင်သည် ပြောကြားပါလေ။ (အချင်းတို့)အကွယ်၌ရှိသော အရာများကို အလ္လာဟ်အရှင်မြတ် မှတစ်ပါး၊ မိုးကောင်းကင်၌ရှိသူတို့သည် လည်းကောင်း၊ ပထဝီမြေ၌ရှိသူတို့သည် လည်းကောင်း၊ မည်သူတစ်ဦးတစ်ယောက်မျှပင် မသိချေ။ ထို့အတူ မိမိတို့သည် မည်သည့်အချိန်အခါ၌ ရှင်ပြန်ထစေခြင်း ခံကြရမည်ကိုလည်း ၎င်းတို့ မသိကြပေ။
بَلِ ادَّارَكَ عِلْمُهُمْ فِي الْآخِرَةِ ۚ بَلْ هُمْ فِي شَكٍّ مِنْهَا ۖ بَلْ هُمْ مِنْهَا عَمُونَ (66)
စင်စစ်မှာကား "အာခိရတ်"တမလွန်ဘဝနှင့်စပ်လျဉ်း၍ ၎င်းတို့၏အသိပညာမှာ ပျောက်ပျက်၍သွားချေပြီ။ ထိုသို့အလျှင်းမဟုတ်။ စင်စစ်မှာကား ၎င်းတို့သည် ထို "အာခိရတ်" တမလွန်ဘဝနှင့်စပ်လျဉ်း၍ ဒွိဟသံသယ၌ပင် ရှိနေကြကုန်၏။ ထိုသို့ အလျှင်းမဟုတ်။ စင်စစ်မှာကား ၎င်းတို့သည်ယင်း "အာခိရတ်" တမလွန်ဘဝဘက်မှ မျက်စိကန်းနေသူများပင် ဖြစ်ကြကုန်သတည်း။
وَقَالَ الَّذِينَ كَفَرُوا أَإِذَا كُنَّا تُرَابًا وَآبَاؤُنَا أَئِنَّا لَمُخْرَجُونَ (67)
စင်စစ် "ကာဖိရ်" သွေဖည်ငြင်းပယ်ခဲ့ကြကုန်သောသူတို့က ကျွန်ုပ်တို့သည် မြေကြီးဖြစ်သွားခဲ့ကြသည့်အခါ အလားတူ ကျွန်ုပ်တို့၏အဘ၊ ဘိုးဘေး တို့သည်လည်း(မြေကြီးဖြစ်သွားခဲ့ကြသည့်အခါ) ကျွန်ုပ်တို့သည် (သင်္ချိုင်းတွင်းမှ) ထွက်စေခြင်းကို ခံကြရဦးမည်လော။
لَقَدْ وُعِدْنَا هَٰذَا نَحْنُ وَآبَاؤُنَا مِنْ قَبْلُ إِنْ هَٰذَا إِلَّا أَسَاطِيرُ الْأَوَّلِينَ (68)
ဧကန်မလွဲ ဤသည်ကို ကျွန်ုပ်တို့သည်လည်းကောင်း၊ ကျွန်ုပ်တို့၏အဘ၊ ဘိုးဘေးတို့သည်လည်းကောင်း၊ ရှေးယခင်ကပင် ကတိပေး(ခြိမ်းခြောက်ပြောဆို)ခြင်းကို ခံခဲ့ကြရလေသည်။ ဤသည် ရှေးသူဟောင်းတို့၏ အခြေအမြစ်မရှိသော ပုံပြင်များသာ ဖြစ်ကြပေသည်။
قُلْ سِيرُوا فِي الْأَرْضِ فَانْظُرُوا كَيْفَ كَانَ عَاقِبَةُ الْمُجْرِمِينَ (69)
(အို-နဗီတမန်တော်၊)အသင်သည် ပြောကြားပါလေ။ (အချင်းတို့၊)အသင်တို့သည် ကမ္ဘာမြေ၌ လှည့်လည်သွားလာကြပြီးလျှင်၊ အပြစ်ထင်ရှားသော သူတို့၏ နောက်ဆုံးအကျိုးဆက် မည်သို့ဖြစ်ခဲ့သည်ကို ကြည့်ရှုကြလေကုန်။
وَلَا تَحْزَنْ عَلَيْهِمْ وَلَا تَكُنْ فِي ضَيْقٍ مِمَّا يَمْكُرُونَ (70)
ထို့ပြင် အသင်သည် ၎င်းတို့နှင့်ပက်သက်၍ မပူဆွေးလေနှင့်။ ထိုမှတစ်ပါး အသင်သည် ၎င်းတို့၏ လျှို့ဝှက်ကြံစည်မှုကြောင့် စိတ်ဆင်းရဲခြင်းလည်း မဖြစ်လေနှင့်။
وَيَقُولُونَ مَتَىٰ هَٰذَا الْوَعْدُ إِنْ كُنْتُمْ صَادِقِينَ (71)
ထိုမှတစ်ပါး ၎င်းတို့က အကယ်၍ အသင်တို့သည် သစ္စာဝါဒီများဖြစ်ကြပါလျှင် ဤချိန်းဆိုချက်သည် မည်သည့်အခါ၌ ပြီးမြောက်ပါမည်နည်းဟု ဆိုကြကုန်၏။
قُلْ عَسَىٰ أَنْ يَكُونَ رَدِفَ لَكُمْ بَعْضُ الَّذِي تَسْتَعْجِلُونَ (72)
(အို-နဗီတမန်တော်၊) အသင်ပြောကြားပါလေ၊(အချင်းတို့၊) အသင်တို့ အလျင်စလို လိုလားလျက်ရှိကြသောပြစ်ဒဏ် တစ်စိတ်တစ်ဒေသသည် မဝေးတော့ပြီ။ အသင်တို့၏နောက်မှပင် (ထပ်ကြပ်မကွာ)လိုက်လာခဲ့လေပြီ။
وَإِنَّ رَبَّكَ لَذُو فَضْلٍ عَلَى النَّاسِ وَلَٰكِنَّ أَكْثَرَهُمْ لَا يَشْكُرُونَ (73)
၎င်းပြင် ဧကန်အမှန် အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် လူတို့အပေါ်၌ အလွန်ကျေးဇူးပြုတော်မူသောအရှင် အမှန်ပင်ဖြစ်တော်မူ၏။ သို့ရာတွင် ထိုလူတို့အနက် များစွာသောသူတို့မှာ ကျေးဇူးမသိတတ်ကြပေ။
وَإِنَّ رَبَّكَ لَيَعْلَمُ مَا تُكِنُّ صُدُورُهُمْ وَمَا يُعْلِنُونَ (74)
ထိုမှတစ်ပါး အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် ထိုသူတို့၏ ရင်များက လျှို့ဝှက်ထားကြသည်တို့ကို လည်းကောင်း၊ ထိုသူတို့ ထင်ရှားစေကြသည်တို့ကို လည်းကောင်း၊ အမှန်ပင် သိရှိတော်မူ၏။
وَمَا مِنْ غَائِبَةٍ فِي السَّمَاءِ وَالْأَرْضِ إِلَّا فِي كِتَابٍ مُبِينٍ (75)
စင်စစ်သော်ကား မိုးကောင်းကင်၌လည်းကောင်း၊ ပထဝီမြေ၌လည်းကောင်း၊ လျှို့ဝှက်သောအရာဟူ၍ မရှိချေ။သို့ရာတွင် (ထိုအရာသည်) ထင်ရှားစွာသော (မှတ်တမ်းတော်)စာအုပ်တွင် မှတ်သားထားပြီး ဖြစ်ပေသတည်း။
إِنَّ هَٰذَا الْقُرْآنَ يَقُصُّ عَلَىٰ بَنِي إِسْرَائِيلَ أَكْثَرَ الَّذِي هُمْ فِيهِ يَخْتَلِفُونَ (76)
ဧကန်မလွဲ ဤကုရ်အာန်ကျမ်းမြတ်သည် အီစ်ရာအီလီအမျိုးသားတို့ရှေ့ဝယ်၊ ၎င်းတို့ ကွဲလွဲနေကြကုန်သော အကြောင်းအရာများအနက်မှ များစွာသော အကြောင်းအရာများကို ဖော်ပြလေ၏။
وَإِنَّهُ لَهُدًى وَرَحْمَةٌ لِلْمُؤْمِنِينَ (77)
၎င်းပြင် ဧကန်မလွဲ ယင်းကုရ်အာန်ကျမ်းမြတ်သည် "မုအ်မင်န်" သက်ဝင်ယုံကြည်သူတို့အဖို့ တရားလမ်းညွှန်သည်လည်းကောင်း၊ ကရုဏာတော်သည်လည်းကောင်း၊ ဖြစ်လေ၏။
إِنَّ رَبَّكَ يَقْضِي بَيْنَهُمْ بِحُكْمِهِ ۚ وَهُوَ الْعَزِيزُ الْعَلِيمُ (78)
မလွဲဧကန် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် ၎င်းတို့၏အကြားဝယ်၊ မိမိ အမိန့်တော်ဖြင့် စီရင်ဆုံးဖြတ်တော်မူပေမည်။ စင်စစ်သော်ကား ထိုအရှင်မြတ်သည် အလွန်တရာ လွှမ်းမိုးတော်မူသောအရှင်၊ အရာခပ်သိမ်းတို့ကို အကြွင်းမဲ့သိရှိတော်မူသောအရှင် ဖြစ်တော်မူ၏။
فَتَوَكَّلْ عَلَى اللَّهِ ۖ إِنَّكَ عَلَى الْحَقِّ الْمُبِينِ (79)
သို့ဖြစ်ပေရာ (အို-နဗီတမန်တော်၊)အသင်သည် အလ္လာဟ်အရှင်မြတ်အပေါ်၌ ယုံပုံလွှဲအပ်ပါလေ။ ဧကန်မလွဲ အသင်သည် ထင်ရှားစွာသော အမှန်တရားအပေါ်၌ပင် တည်ရှိနေပေသည်။
إِنَّكَ لَا تُسْمِعُ الْمَوْتَىٰ وَلَا تُسْمِعُ الصُّمَّ الدُّعَاءَ إِذَا وَلَّوْا مُدْبِرِينَ (80)
ဧကန်စင်စစ် အသင်သည် သူသေတို့အား ကြားစေနိုင်သည် မဟုတ်ပေ။ ထိုနည်းတူစွာ နားပင်းသူတို့အားလည်း ၎င်းတို့သည် ကျောခိုင်းကြလျက် ပြန်၍ လှည့်သွားကြသောအခါ အသင်သည် ကြားစေနိုင်သည် မဟုတ်ပေ။
وَمَا أَنْتَ بِهَادِي الْعُمْيِ عَنْ ضَلَالَتِهِمْ ۖ إِنْ تُسْمِعُ إِلَّا مَنْ يُؤْمِنُ بِآيَاتِنَا فَهُمْ مُسْلِمُونَ (81)
ထိုမှတစ်ပါး အသင်သည် မျက်စိကန်းသူတို့အားလည်း ၎င်းတို့၏ လမ်းလွဲမှုမှ(တရားလမ်းမှန်သို့ ရောက်ရှိအံ့သောငှာ) လမ်းညွှန်နိုင်သူ မဟုတ်ပေ။ ငါအရှင်မြတ်၏ အာယတ်တော်များကို ယုံကြည်ပြီးနောက် အမိန့်တော်ကို လိုက်နာသူတို့အားသာလျှင် အသင်ကြားစေနိုင်သည် ဖြစ်ပေသတည်း။
۞ وَإِذَا وَقَعَ الْقَوْلُ عَلَيْهِمْ أَخْرَجْنَا لَهُمْ دَابَّةً مِنَ الْأَرْضِ تُكَلِّمُهُمْ أَنَّ النَّاسَ كَانُوا بِآيَاتِنَا لَا يُوقِنُونَ (82)
စင်စစ်သော်ကား ချိန်းဆိုချက်သည် ၎င်းတို့အပေါ်၌ ကြုံကြိုက်လာသောအခါ ငါအရှင်မြတ်သည် ၎င်းတို့အဖို့ မြေကြီးမှ အကြင်တိရစ္ဆာန်ကို ထွက်စေတော်မူမည်။ ထိုတိရစ္ဆာန်သည် ၎င်းတို့နှင့် စကားပြောဆိုမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် လူတို့သည် ငါအရှင်မြတ်၏ သက်သေလက္ခဏာများကို မယုံကြည်ခဲ့ကြသောကြောင့်ပင်။
وَيَوْمَ نَحْشُرُ مِنْ كُلِّ أُمَّةٍ فَوْجًا مِمَّنْ يُكَذِّبُ بِآيَاتِنَا فَهُمْ يُوزَعُونَ (83)
ထိုမှတစ်ပါး အကြင်နေ့တွင် ငါအရှင်မြတ်သည် အုပ်စုအသီးသီးတို့အနက် ငါအရှင်မြတ်၏ အာယတ်တော်များကို မဟုတ်မမှန်ဟု စွပ်စွဲငြင်းပယ်ကြကုန်သောသူတို့အား တစ်အုပ်စုစီကို စုရုံးစေတော်မူမည်။ တစ်ဖန် ၎င်းတို့သည် စီတန်းရပ်စေခြင်းကို ခံကြရပေမည်။
حَتَّىٰ إِذَا جَاءُوا قَالَ أَكَذَّبْتُمْ بِآيَاتِي وَلَمْ تُحِيطُوا بِهَا عِلْمًا أَمَّاذَا كُنْتُمْ تَعْمَلُونَ (84)
နောက်ဆုံးတွင် ၎င်းတို့သည်(အလ္လာဟ်အရှင်မြတ်၏ ရှေ့တော်မှောက်သို့) ရောက်ရှိ၍ လာခဲ့ကြသောအခါ ထိုအရှင်မြတ်က အသင်တို့သည် ငါအရှင်မြတ်၏ အာယတ်တော်များကို မိမိတို့အသိပညာအားဖြင့် ယင်းအာယတ်တော်များ ဝန်းခြုံခြင်းမရှိကြသေးမီပင် မဟုတ်မမှန်ဟူ၍ စွပ်စွဲငြင်းပယ်ခဲ့ကြလေသလော။ သို့တည်းမဟုတ် အသင်တို့သည် မည်သည်တို့ကို ပြုလုပ်လျက်ရှိခဲ့ကြသနည်းဟု မိန့်ကြားတော်မူပေမည်။
وَوَقَعَ الْقَوْلُ عَلَيْهِمْ بِمَا ظَلَمُوا فَهُمْ لَا يَنْطِقُونَ (85)
၎င်းနောက် (ထိုအချိန်အခါတွင်) ၎င်းတို့၏ ကျူးလွန်ခဲ့ကြခြင်းကြောင့် ကတိချိန်းဆိုချက်သည် ၎င်းတို့အပေါ်၌ အတည်ဖြစ်ပြီးဖြစ်ပေရာ၊ ၎င်းတို့မှာ စကားပြောဆိုနိုင်ကြမည် မဟုတ်ပေ။
أَلَمْ يَرَوْا أَنَّا جَعَلْنَا اللَّيْلَ لِيَسْكُنُوا فِيهِ وَالنَّهَارَ مُبْصِرًا ۚ إِنَّ فِي ذَٰلِكَ لَآيَاتٍ لِقَوْمٍ يُؤْمِنُونَ (86)
အသို့ပါနည်း။ ဧကန်စင်စစ် ငါအရှင်မြတ်သည် ညဉ့်ကို ထိုသူတို့ ယင်းညဉ့်၌ အနားယူကြအံ့သောငှာ လည်းကောင်း၊နေ့ကို မြင်နိုင်စွမ်းပေးသောအရာအဖြစ် လည်းကောင်း၊ ပြုလုပ်တော်မူခဲ့သည်ကို ၎င်းတို့သည် မမြင်ခဲ့ကြလေသလော။ ဧကန်မလွဲ ဤသည်၌ "မုအ်မင်န်" သက်ဝင်ယုံကြည်သူတို့အဖို့(ကြီးကျယ်လှစွာသော) သက်သေလက္ခဏာများသည် အမှန်ပင်ရှိကုန်သတည်း။
وَيَوْمَ يُنْفَخُ فِي الصُّورِ فَفَزِعَ مَنْ فِي السَّمَاوَاتِ وَمَنْ فِي الْأَرْضِ إِلَّا مَنْ شَاءَ اللَّهُ ۚ وَكُلٌّ أَتَوْهُ دَاخِرِينَ (87)
၎င်းပြင် တံပိုးခရာမှုတ်သောနေ့တွင် အလ္လာဟ်အရှင်မြတ် အလိုရှိတော်မူသောသူမှတပါး မိုးကောင်းကင်များ၌ ရှိသူတို့သည်လည်းကောင်း၊ ပထဝီမြေ၌ရှိသူတို့သည်လည်းကောင်း၊ ထိတ်လန့်၍သွားကြပေမည်။ ထိုမှတစ်ပါး အားလုံးတို့သည် ဂုဏ်သိန်နိမ့်ကျလျက် ထိုအရှင်မြတ်အထံတော်သို့ ရောက်ရှိ၍လာကြကုန်အံ့။
وَتَرَى الْجِبَالَ تَحْسَبُهَا جَامِدَةً وَهِيَ تَمُرُّ مَرَّ السَّحَابِ ۚ صُنْعَ اللَّهِ الَّذِي أَتْقَنَ كُلَّ شَيْءٍ ۚ إِنَّهُ خَبِيرٌ بِمَا تَفْعَلُونَ (88)
ထိုမှတစ်ပါး အသင်သည် တောင်များကို တွေ့မြင်လေ၏။ အသင်သည် ယင်းတောင်များကို အစိုင်အခဲများဖြစ်သည် ထင်မှတ်ပေ၏။ သို့ရာတွင်(ထိုနေ့တွင်) ယင်းတောင်များမှာ မိုးတိမ်များ လွင့်ပါးဘိသကဲ့သို့ပင် လွင့်ပါး၍ သွားပေမည်။ (ဤသည်)အရာခပ်သိမ်းတို့ကို ခိုင်ခံ့အောင်ပြုလုပ်တော်မူသော အလ္လာဟ်အရှင်မြတ်၏ လက်စွမ်းလက်စပင် ဖြစ်ပေသည်။ မလွဲဧကန် ထိုအရှင်မြတ်သည် အသင်တို့ ပြုလုပ်သမျှတို့ကို ကောင်းစွာသိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။
مَنْ جَاءَ بِالْحَسَنَةِ فَلَهُ خَيْرٌ مِنْهَا وَهُمْ مِنْ فَزَعٍ يَوْمَئِذٍ آمِنُونَ (89)
မည်သူမဆို ကောင်းမှု(အီမာန်သက်ဝင်ယုံကြည်မှု)နှင့်တကွလာခဲ့ပါမူ ထိုသူ၏အဖို့ ထိုထက်ကောင်းမြတ် အကျိုးကျေးဇူးရှိသည့်ပြင် ၎င်းတို့သည်(ကြီးကျယ်သော)ထိတ်လန့်ခြင်းမှလည်း ကင်းလွတ်သူများပင် ဖြစ်ကြပေမည်။
وَمَنْ جَاءَ بِالسَّيِّئَةِ فَكُبَّتْ وُجُوهُهُمْ فِي النَّارِ هَلْ تُجْزَوْنَ إِلَّا مَا كُنْتُمْ تَعْمَلُونَ (90)
သို့ရာတွင် မည်သူမဆို ဒုစရိုက် ‘ကုဖ်ရ်’သွေဖည်ငြင်းပယ်မှုနှင့်တကွ ရောက်ရှိလာခဲ့မူ၊ ထိုသူတို့သည် မျက်နှာမှောက်စေလျက် မီးထဲသို့ ပစ်ချခြင်းကို ခံကြရပေမည်။ (ထို့ပြင်)အသင်တို့သည် မိမိတို့ကျင့်မူလျက် ရှိခဲ့ကြသော အပြုအမူများ၏ အစားပေးခြင်းကို ခံကြရခြင်းသာလျှင် ဖြစ်သည်ဟု(ပြောဆိုခြင်းကို ခံကြရကုန်အံ့သတည်း)။
إِنَّمَا أُمِرْتُ أَنْ أَعْبُدَ رَبَّ هَٰذِهِ الْبَلْدَةِ الَّذِي حَرَّمَهَا وَلَهُ كُلُّ شَيْءٍ ۖ وَأُمِرْتُ أَنْ أَكُونَ مِنَ الْمُسْلِمِينَ (91)
(အို-နဗီတမန်တော်၊ အသင်သည် ဤသို့ပြောကြားပါလေ)။ ငါသည် ဤ(မက္ကာ)မြို့တော်၏ အရှင်သခင်(အစစ်အမှန်)အား ဆည်းကပ်ကိုးကွယ်ရန် အမိန့်ပေးတော်မူခြင်းကို ခံရလေသည်။ ထိုအရှင်မြတ်သည် ဤမြို့တော်ကို ထူးမြတ်စေတော်မူခဲ့သည်။ အမှန်မှာ အရာခပ်သိမ်းတို့သည် ထိုအရှင်မြတ် ပိုင်ဆိုင်သောအရာများပင် ဖြစ်ကြကုန်၏။ ၎င်းပြင်ငါသည် ‘မွတ်စ်လင်မ်’ အမိန့်တော်ကို လိုက်နာသူများတွင် အပါအဝင်ဖြစ်ရန် အမိန့်ပေးတော်မူခြင်းလည်းခံရပေသည်။
وَأَنْ أَتْلُوَ الْقُرْآنَ ۖ فَمَنِ اهْتَدَىٰ فَإِنَّمَا يَهْتَدِي لِنَفْسِهِ ۖ وَمَنْ ضَلَّ فَقُلْ إِنَّمَا أَنَا مِنَ الْمُنْذِرِينَ (92)
ထိုမှတစ်ပါး ငါသည် ကုရ်အာန်ကျမ်းတော်မြတ်ကို(အသင်တို့ရှေ့ဝယ် အစ္စလာမ်သာသနာတော်သို့ ဖိတ်ခေါ်သောသူအနေနှင့်)ဖတ်ကြားရန်(အမိန့်ပေးတော်မူခြင်းကိုလည်း ခံရလေသည်)။ သို့ဖြစ်ပေရာ မည်သူမဆို တရားလမ်းမှန်ကို ရရှိခဲ့ပါလျှင် ထိုသူသည် မိမိအဖို့သာလျှင် တရားလမ်းမှန်ကို ရရှိခဲ့ခြင်းဖြစ်သည်။ သို့ရာတွင် မည်သူမဆို လမ်းလွဲလျက်နေခဲ့မူ ငါသည် သတိပေးနှိုးဆော်သူ တစ်ဦးသာလျှင် ဖြစ်ပေသည်။
وَقُلِ الْحَمْدُ لِلَّهِ سَيُرِيكُمْ آيَاتِهِ فَتَعْرِفُونَهَا ۚ وَمَا رَبُّكَ بِغَافِلٍ عَمَّا تَعْمَلُونَ (93)
ထိုမှတစ်ပါး (အို-နဗီတမန်တော်၊) အသင်သည်(ဤသို့လည်း) ပြောကြားပါလေ။ ချီးမွမ်းထောပနာအပေါင်းတို့သည် အလ္လာဟ်အရှင်မြတ်နှင့်သာ သက်ဆိုင်ပေသည်။ ထိုအရှင်မြတ်သည် အသင်တို့အား မကြာမြင့်မီပင် မိမိ၏ သက်သေလက္ခဏာတော်များကို ပြသတော်မူပေမည်။ ထိုအခါအသင်တို့သည် ယင်းသက်သေ လက္ခဏာတော်များကို သိရှိကြပေမည်။ စင်စစ် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် အသင်တို့ ကျင့်မူလျက် ရှိကြကုန်သော အကျင့်အမူတို့ကို မသိတော်မူသောအရှင် မဟုတ်ပေတကား။