وَيْلٌ لِكُلِّ هُمَزَةٍ لُمَزَةٍ (1)

နောက်ကွယ်၌ အတင်းပြောသူတိုင်း၊ မျက်နှာစုံညီ စောင်းချိတ်ရှုတ်ချသူတိုင်း၊ ကျိုးယုတ်ပျက်စီး မည်သာတည်း။

الَّذِي جَمَعَ مَالًا وَعَدَّدَهُ (2)

အကြင်(အတင်းပြော၊ စောင်းချိတ်ရှုတ်ချ)သူသည် ပစ္စည်းဥစ္စာကို စုဆောင်းပြီး ထိုပစ္စည်းဥစ္စာကို အကြိမ်ကြိမ် ရေတွက်လျက်ရှိ၏။

يَحْسَبُ أَنَّ مَالَهُ أَخْلَدَهُ (3)

ထိုသူသည် မိမိအား မိမိဥစ္စာပစ္စည်းသည် အမြဲတစေ (အသက်ထင်ရှား)ရှိစေမည်။(တစ်နည်း) (မိမိထံမိမိဥစ္စာပစ္စည်းသည် အမြဲတစေရှိနေမည်ဟု) ထင်မှတ်လေ၏။

كَلَّا ۖ لَيُنْبَذَنَّ فِي الْحُطَمَةِ (4)

အလျှင်းမဟုတ်၊ စင်စစ်မှာကား ထိုသူသည် ချိုးဖျက်ချေခွဲ အပိုင်းပိုင်း အစစဖြစ်စေသော (ငရဲ)၌ ပစ်ချခြင်းကို အမှန်ပင်ခံရလတ္တံ့။

وَمَا أَدْرَاكَ مَا الْحُطَمَةُ (5)

စင်စစ် ထိုချိုးဖျက်ချေခွဲ အပိုင်းပိုင်း အစစဖြစ်စေသော (ငရဲ)သည် အဘယ်နည်းဟု အသင် သိပါသလော။

نَارُ اللَّهِ الْمُوقَدَةُ (6)

မွှေးထားပြီးဖြစ်သော အလ္လာဟ်အရှင်မြတ်၏ငရဲမီးပင်။ (တစ်နည်း) အလ္လာဟ်အရှင်မြတ် (အမိန့်တော်အရ မွှေးထားတော်မူသောမီးပင်)။

الَّتِي تَطَّلِعُ عَلَى الْأَفْئِدَةِ (7)

အကြင်မီးသည် စိတ်နှလုံးများအထိ တိုးတက်ဖုံးလွှမ်းလေ၏။ (ထိရောက်လေ၏)။

إِنَّهَا عَلَيْهِمْ مُؤْصَدَةٌ (8)

ဧကန်မလွဲ ထိုမီးသည် ၎င်းတို့အပေါ်၌ ပိတ်ဆို့ပြီး ဖြစ်ပေမည်။

فِي عَمَدٍ مُمَدَّدَةٍ (9)

ရှည်လျားစွာသော(မီးကျီး)တိုင်များ၌ (တုပ်နှောင်လျက်)။